အသုံးမကျသောကိုယ်လုပ်တော်၏ ပြန်လည်မွေးဖွားခြင်း

1.5K 197 1
                                    

Plz scroll down for unicode.

ခေါင်းက သေမတတ်ထိုးကိုက်နေတာ မရပ်သေးတဲ့အပြင် သူ့ခန္ဓာကိုယ်ကလည်း လေထဲကနေ ကိုင်ပေါက်ခံလိုက်ရသလို ကိုက်ခဲပြီးမလှုပ်နိုင် ‌ဖြစ်နေသေးတယ် ။ အချိန်တစ်ခုလောက် အကြာမှာတော့ ၀မ်ရိပေါ်သူရောက်နေတဲ့ နေရာနဲ့ အပြင်အဆင်တွေကို တစ်ချက်ကြည့်လိုက်တယ် ။

ဒါက....သူ ဆေးရုံရောက်နေတာ မဟုတ်ဘူးလား? သူရှောင်းကျန့် ရဲ့ အုတ်ဂူရှေ့မှာ မေ့လဲ သွားတာလေ ..အဲ့ဒါကို ဆေးရုံမရောက်ဘဲ သူဘယ်ရောက်နေတာလဲ ?

သူ့ရှေ့မှာ စာအုပ်စင်တွေရယ် ...ပြီးတော့ ကျောင်းဝတ်စုံ နဲ့ လူတစ်ချို့လည်း ရှိသေးနေတယ်။ ပြီးတော့ သူ့ လက်ထပ်မှာလဲ စာအုပ်တစ်ချို့ ကိုင်ထားသေးတယ် ။
ဝမ်ရိပေါ် သူ့ကိုယ်သူ တစ်ချက် ပြန်ကြည့်လိုက်တယ် ...သူလည်း ကျောင်းဝတ်စုံ ၀တ်ထားတယ် !!
လက်က နာရီ ကို တစ်ချက်ပြန်ငုံ့ကြည့်လိုက်တယ်
....!!!!!

23.10!!
နောက် လက်ထဲက စာအုပ်ကို တစ်ချက်ကြည့်လိုက်တော့ သူ့စာအုပ် "၀မ် ရိပေါ် ၊ အထက်တန်း ပထမနှစ်"

အထက်တန်း ပထမနှစ် !!! အထက်တန်း ပထမနှစ်ဆိုတော့ 2016 လေ !!

သူက (2033 ) ကလေ !! ဘယ်လိုလုပ် (2016 ) ကို ရောက်နေတာလဲ ?!
အခု သူ့အဖြစ်က သေလည်း မသေဘဲ အတိတ်ကို ပြန်ရောက်သွားတာလား ? အဲ့လိုလည်း မဟုတ်သေးဘူး သူ့မေ့လဲ သွားသေးတယ်လေ ...အဲ့ကနေ သူ အတိတ်ကို ပြန်ရောက်လာတယ် ပေါ့!!!!

ဒါဆို ရှောင်းကျန့် ရော !!! ရှောင်းကျန့် !!!
သူ အတိတ်ကို ပြန်ရောက်နေတာ သေချာရင် ...ရှောင်းကျန့် လည်း ရှိရမယ်! ဒီတစ်ခါတော့ ရှောင်းကျန့် ကို သေဖို့ သူခွင့်ပြုတော့မှာ မဟုတ်ဘူး!
လက်က နာရီက ရက်စွဲ နဲ့ အချိန်ကို တစ်ချက်ပြန်ကြည့်လိုက်တယ် ...

(2016 .Oct .23 ) ...

ဒီနေ့ကို သူ ကောင်းကောင်းမှတ်မိတယ် ! ဘာလို့ဆို ရှောင်းကျန့် ဒိုင်ယာရီကို ခိုးဖတ်ထားတာ မလို့ !

သူမှတ်မိသလောက်ဆိုရင် ရှောင်းကျန့် နဲ့ သူ ဒီနေ့မှာ ပထမဆုံး စတွေ့မှာလေ ....သူမှတ်မိတာ မမှားဘူးဆိုရင် ကျောင်းနားက စာအုပ်ဆိုင်မှာ ရောက်နေတာ ...
ရာသီဥတုက အုံ့မှိုင်းပြီး မိုးရွာတဲ့ အချိန်မှာ ရှောင်းကျန့် ကို သူထီးပေးခဲ့တာ ...

Rebirth: Let's Get Married Again !!Where stories live. Discover now