Part_8

1.5K 187 29
                                    

Scroll down for Zawgyi.

Beijing, Chen Jing Lun အထက်တန်းကျောင်း
Class (D)

ရှောင်းကျန့်တစ်ယောက် ငူငူငိုင်ငိုင်ကြီး ထိုင်နေလေသည်။
စာအုပ်ဆိုင်ကနေ internet cafeကို တောင် မသွားနိုင်တော့ဘူး။

သူစဉ်းစားလို့မရဘူး။ ၀မ်ရိပေါ် တစ်ယောက် ဘာဆေးစားမှာထားသလဲ ဆိုတာကို။ တစ်ကယ်ပဲ ၀မ်ရိပေါ်က ဘာဖြစ်ချင်နေတာတုန်း ??

တော်သေးတာက ဒါက self_studyချိန် ဖြစ်နေလို့ပေါ့။ မဟုတ်ရင် ရှောင်းကျန့် စိတ်လွတ် နေပုံနဲ့ ဆရာ‌ဆီက အငေါက်ခံရမှာ သေချာသည်။ ဘေးက ကျိလီ ကလည်း တစ်တွတ်တွတ် နဲ့ ဘာတွေ ပြောမှန်းမသိ။ သူအာရုံ ရောက်နေတာက ၀မ်ရိပေါ်က သူ့ကို " ချစ်တယ်" လို့ ပြောတဲ့ အချိန်ကိုသာ ရောက်နေတာ ဖြစ်သည်။

၀မ် ရိပေါ် အတွက် သူ့အဖြေက တစ်ခုတည်းသာ...သူတစ်ကယ်ကို ၀မ်ရိပေါ် ကို စိတ်ကုန်သွားတာ ဖြစ်သည်။

"ရှောင်းကျန့် မင်းပြောတော့ အင်တာနက်ဆိုင် သွားမှာဆို"

" ရှောင်းကျန့်"

‌" ရှောင်းကျန့်!!!"

ဒီလိုပဲ ကောင်းကျိုးမပေးတဲ့ ၀မ်ရိပေါ် အကြောင်းစဉ်းစားလိုက်ရင် ပတ်၀န်းကျင်ကို မေ့နေပြန်ရော ။အခုလည်း ကျိလီ ခေါ်နေတာကို မကြားပြန်ဘူး။

" ရှောင်းကျန့် ရေ.....ရှောင်းကျန့် !!!"
အငြင်သာဆုံးလက်သံလေးနဲ့ ကျိလီက ရှောင်းကျန့် ရဲ့ နောက်ပိုးကို တစ်ချက်အုပ်လိုက်သည်။

" ဖာ့ခ်....ကျိလီ "
ရှေ့မှာ ထိုင်နေသော ဆရာကြားမှာဆိုးလို့ အသံ တိုးတိုးဖြင့် ဆဲရသည်။

" အေး..ငါ ..မင်းအဖေ ခေါ်နေတာ "

ကျိလီ ရှောင်းကျန့် အခန်းထဲ ၀င်လာကတည်းက ကြည့်နေတာ ဖြစ်သည်။ ရှောင်းကျန့် ပုံက စိတ်နဲ့ကိုယ်နဲ့ မကပ်တဲ့ပုံ။
အတွေးနယ်ချဲ့လွန်းနေတဲ့ပုံ။ သူတစ်ခါမှ ရှောင်းကျန့် ဒီလို ဖြစ်တာ မမြင်ဘူးဖူး။ ရှောင်းကျန့်က ဘယ်နေရာ ဘယ်အချိန်ဖြစ်ဖြစ် လန်းဆန်းတက်ကြွ နေတာလေ ။ မဟုတ်မှလွဲရော ရှောင်းကျန့် ဒီလို ဖြစ်နေတာ ကောင်မလေး တစ်ယောက်ယောက် ကြောင့်များလား ။

Rebirth: Let's Get Married Again !!Where stories live. Discover now