နေပါအုံး....၀မ် ရိပေါ်က ဘာလို့ သူ့ လက်ကို ဆွဲ ထားရတာတုန်း??? မဟုတ်မှလွဲ သူ ၀မ် ရိပေါ် နဲ့ သိနေပြီ ဖြစ်တဲ့ အချိန်မှာ ပြန်လည် မွေးဖွားလာတာလား?
အဲ့လိုလည်း မဟုတ်သေးဘူး..၀မ် ရိပေါ်က သူ့ကို အထက်တန်းပြီးမှ စကားကောင်းကောင်း ပြောဖြစ်တာလေ??ရင်တလှပ်လှပ် နဲ့ ရှောင်းကျန့် သူ့လက်ဆွဲ ကို ဆွဲထားတဲ့ ၀မ် ရိပေါ်ကို ကြည့်နေလိုက်တယ် ..ဘာများ ပြောမလဲလို့!!
" ငါ မင်းကို ချစ်တယ် ..ရှောင်းကျန့် "
အချိန်တွေ ရပ်တန့်သွားတာမျိုး၊ ကိုယ့်ဘေးက အရာတွေ အားလုံး ရပ်တန့် သွားတာမျိုး....
'!!!'
ပြောစရာတောင် မရှိ၏။ သင်း ကို သတိတောင် မရတော့တဲ့ အချိန်မှလေ !!
" ၀မ် ရိပေါ် ..ငါမင်းကို သိလို့လား? "
လွန်လေခဲ့တဲ့ တစ်ဘ၀ လုံး ကြားချင်ခဲ့သည့် စကားကို ယခု အချိန်တွင် ကြားလိုက်ရ၍ စကားတွေလည်း အပေါက်အလမ်း မတည့်နိုင် ..။
' မဟုတ်မှလွဲ ....'
" မင်း!!! "
" မင်းကောလား???"
နှစ်ယောက်စလုံး အံ့ဩ၍မှ မဆုံး။
ရှောင်းကျန့် ကိုယ်တိုင်တောင် ပြန်လည်မွေးဖွားလာခဲ့ သေးတာပဲ ။ တစ်ဖက်က လူကော သူလို မဖြစ်နိုင်ဘူးလား???နှစ်ယောက်သား ဘာမှ မပြောနိုင်ဘဲ ရပ်နေတုန်း..တစ်ဖွဖွဲ ကျလာသည့် မိုး..။
ဝမ် ရိပေါ်က သူ့ လွယ်အိတ်ထဲက ထီး အဝါရောင် ခေါက်ထီးလေး ကို ထုတ်လိုက်ပြီး သူတို့နှစ်ယောက်စလုံး အပေါ်ကို အုပ်မိုးလိုက်သည် ။
ဒီထီး..........
ဖာ့ခ် ....ထီး ကို တွေတွေ ကြီး ကြည့်ပြီး ရှောင်းကျန့် တိုးတိုး ပဲ ရေရွတ် ဆဲရေး လိုက်သည်။
ဘာမှ ဆက်မတွေးရသေးခင် သူက ၀မ် ရိပေါ် ဆွဲခေါ်ရာနောက် ပါသွားခဲ့ပြီ။မိုးက အစက ဖွဲဖွဲလေးဆိုပေမယ့် အနည်းငယ် သည်းလာသည်။ အနီးအနားမှာ မိုးခို လို့ ရတဲ့ နေရာ ဆိုလို့ စာအုပ် ဆိုင် ပဲ ရှိလို့ ..စာအုပ်ဆိုင် ကို ပဲ ပြန်သွားလိုက်ရသည်။
စာအုပ်ဆိုင်ထဲ ပြန်ရောက်တဲ့ထိ နှစ်ယောက်သား စကားမပြောဖြစ်ကြသေး။
ဘယ်ကနေ စပြောရမှန်း ကို မသိတာ ။
YOU ARE READING
Rebirth: Let's Get Married Again !!
FanficAll the things in this fanfic are just my imaginary . This is a BJYX fanfiction ! Cover photo credit to original uploader. Thanks 💛