Chapter 3

2.4K 471 6
                                    

[Zawgyi]

လင်းဖန် ထိုလူများ၏အကြည့်အောက်မှာ တည်ငြိမ်စွာဖြင့်
ခေါင်းငုံ့ကာအုတ်ခဲကိုကောက်ယူလိုက်သည်။လူမိုက်
ခေါင်းဆောင်က သူ့ကိုအထင်အမြင်သေးစွာဖြင့် ,
"ဟေ့ ကောင်လေး မင်းကငါတို့နဲ့ရန်ဖြစ်ချင်လို့လား။
ဟားဟား မင်းအရှုံးပေးလိုက်တာကမှ ပိုကောင်းဦးမယ်နော်"
'ဟမ့် အုတ်ခဲလေးတစ်ခဲထဲနဲ့သူက ရန်ပွဲရလဒ်ကိုပြောင်း
နိုင်မှာတဲ့လား။သူ့လိုပျော့ညံ့တဲ့ ကောင်လေးက
ငါတို့ကိုနိုင်အောင်ချနိုင်မယ်လို့ ငါတော့မထင်ဘူး။
ပြီးတော့ ငါတို့ကလူအရေအတွက်လည်းပိုသာသေးတယ် '
လို့သူတွေးလိုက်တယ်။

တကယ်တော့လင်းဖန်မှာ ရန်ထပ်ဖြစ်ဖို့အားမကျန်တော့ပါ
ဘူး။သူ့မှာအုတ်ခဲကောက်နိုင်ရုံလေးပဲ အား ကျန်တော့တာပါ။
ဒါပေမယ့် , "ဟားဟားဟား" ရူးသွပ်သည့်အပြုံးတစ်ခု
လင်းဖန်မျက်နှာမှာပေါ်လာတယ်။
"ဟုတ်တယ် ငါမင်းတို့ကိုမရိုက်နိုင်တော့ဘူး။ဒါပေမယ့်.....
ငါ့ကိုယ်ငါဒီအုတ်ခဲနဲ့သတ်သေလိုက်မယ်ဆိုရင်ရော...အဲ့ခါကျရင်မင်းတို့ပဲအဖမ်းခံရတော့မှာ...
ထောင်ထဲမှာ
ဘယ်လောက်ကြာကြာနေရမလဲမင်းသိလား"
လင်းဖန်ကဖြေးဖြေးလေး မေးလိုက်တယ်။သူ့လေသံက
အားနည်းနေပေမယ့် သူ့စကားတွေကတော့ လူမိုက်တစ်အုပ်
စုကို အရိုးထဲထိအေးခဲသွားစေတယ်။
"မနောက်ကောင်းဘူးနော် ကောင်လေး အားးး....."
လူမိုက်တစ်ယောက်ကိုအော်ပြောလိုက်တယ်။

ထိုလူပြောတဲ့စကားမဆုံးသေးခင်မှာပဲ လင်းဖန်းကသူ့ခေါင်း
သူအုတ်ခဲနဲ့ထုချလိုက်တယ်။သွေးတွေက သူ့ခေါင်းကနေ
ပန်းထွက်ကာမျက်နှာပေါ်စီးကျလာတယ်။
သူ့မျက်လုံးတွေက ရူးသွပ်မှုအပြည့်ဖြင့်တောက်ပနေသည်။
"ကြည့်ရတာမလုံလောက်သေးတဲ့ပုံပဲ။မှန်းကြည့်....
ငါဘယ်နှစ်ကြိမ်လောက်ထုမှသေသွားမလဲဆိုတာ"
သူ့ခေါင်းပေါ်မှနက်သောဒဏ်ရာသည် မနာကျင်သကဲ့သို့
လင်းဖန်ပြုံးရယ်နေသည်။သူ့မျက်နှာတစ်ခုလုံးသွေးများ
ဖုံးလွှမ်းနေလျက်ရူးသွပ်စွာရယ်နေခြင်းကာ သူ့အတွင်းစိတ်ထဲမှ နတ်ဆိုးတစ်ကောင်နိုးထလာသကဲ့သို့ပင်......

သူ၏လူသတ်လိုသောစိတ်ဆန္ဒများသည်လည်း ပတ်ဝန်းကျင်သို့ပျံ့နှံ့သွားကာ...သူ့ပုံစံက ငရဲမှတက်လာသော
နတ်ဆိုးတစ်ကောင်နှင့်တူသည်။ဒါပေမယ့် သူကိုယ်တိုင်က
တော့ သူ့ကိုယ်သူငရဲမှလူ့လောကသို့ တက်လာသောရက်စက်သည့် သရဲ
တစ်ကောင်ဟုသာတွေးသည်။လင်းဖန်၏စကားလုံးများက
လူငယ်တစ်အုပ်စုတို့၏မာနကြီးသောပုံစံများကို ပျောက်ကွယ်သွားစေသည်။သူတို့၏မသိစိတ်အရ အနောက်သို့
ခြေလှမ်းအနည်းငယ်ဆုတ်သွားကာ သတိလစ်လုမတတ်ကြောက်လန့်နေကြသည်။

I Got My Bad Side  Awakened After Rebirth[ဘာသာပြန်]Nơi câu chuyện tồn tại. Hãy khám phá bây giờ