Chapter 18

1.9K 435 6
                                    

[Zawgyi]

" မင်းပါလား"
လောင်လိ့က ချူရှောက်ကိုကြည့်လိုက်ကာ အံ့အားသင့်
သွားသည့်ဟန်ဖြင့် ,
"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"အို ,"
ချူရှောက်က လေးတွဲ့တွဲ့ပြောလိုက်သည်။

"ငါ့ကျောင်းသားလေးက ဒီကိုအပျော်လာတာလေ..
ဒါပေမယ့် ထိုလူတွေဖမ်းထားတာခံလိုက်ရတယ် ..
ဒါကြောင့်..."

"အို့"
ချူရှောက်က အေးစက်စက်ပဲပြန်တုံ့ပြန်တယ်။

သူအခုလေးတင် ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို မြင်ပြီး
ပြီ။သူက အခြားသူတွေကိစ္စကိုဝင်စွက်ဖက်တတ်တဲ့
လူစားမျိုးမဟုတ်ပါဘူး။ဒါပေမယ့် သူကလောင်လိ့နဲ့
လက်တွဲလုပ်ဖို့ စဉ်းစားထားတဲ့အတွက် ဝင်ကူညီခဲ့တာ
ပါ။ချူရှောက်က လောင်လိ့ကိုကြည့်လိုက်ကာ
သတိပေးလိုက်တယ်။
"မင်း ဒီဘားကိုနောက်တစ်ကြိမ်ထပ်မလာတော့ရင်
ကောင်းမယ်"

"အင်း ငါသိပါတယ်။ငါအခုချက်ချင်းထွက်သွားတော့မှာ"

"အင်း , နှုတ်ဆက်ပါတယ်"
ထိုစကားပြောပြီးနောက် ချူရှောက်လှည့်ထွက်သွား
သည်။ချူရှောက်ကထွက်သွားပေမယ့် လောင်လိ့က
တော့မပြန်သေးပါဘူး။ထို့အပြင်
သူကထိုနေရာမှာပဲ
ရပ်နေကာ ဆေးထကြွလာမည့် အချိန်ကိုရေတွက်ကာ
စောင့်နေသည်။

ထိုအချိန်မှာပဲ လင်းဖန်ကလည်း ဆေးထကြွလာမည့်
အချိန်ကိုရေတွက်နေသည့်အပြင် စိတ်လည်း
လှုပ်ရှားနေသေးသည်။ပြောရမယ်ဆိုရင်
အခုလောင်လိ့နဲ့ချူရှောက်ကြား ဖြစ်ပျက်တဲ့အရာက
အလှလေးကိုသူရဲကောင်းက ကယ်တင်ခြင်းတို့ဘာတို့ပေါ့။သူတို့နှစ်ယောက်လုံးက ဥာဏ်ထက်ပြီး
ချောမောကြတယ်..ဒါကြောင့်မို့လည်း
အနာဂတ်မှာ သူတို့တူတူရှိနေနိုင်တာပေါ့။

ဘေးကကြည့်သူတစ်ယောက်အနေနဲ့ လင်းဖန်
အရိုးသားဆုံးပြောရရင် သူတို့နှစ်ယောက်ပုခုံး
ချင်းယှဉ်ရပ်တဲ့အခါ အမြင်တင့်တယ်သည်။
သူတို့နှစ်ယောက် ပျော်ရွှင်တဲ့အိမ်ထောင်ရေး
တည်ဆောက်တာကို သူစိတ်ထဲမထားပါဘူး။
ဒါပေမယ့် သူတို့ပျော်ရွှင်မှုက သူ့ရဲ့နာကျင်မှုတွေ
အပေါ်အခြေခံတာဆိုရင်တော့ သူ့စိတ်ထဲရှိသွားပြီ။

I Got My Bad Side  Awakened After Rebirth[ဘာသာပြန်]Where stories live. Discover now