Chapter 4

2.3K 479 1
                                    

[Zawgyi]

သူရုံးခန်းကိုမရောက်ခင်မှာဘဲ ဒေါသတစ်ကြီးအော်ဟစ်သံ
ကိုကြားလိုက်ရတယ်။
"မင်းဘယ်လိုလုပ်ပြီး အတန်းဖော်တွေနဲ့ရန်ဖြစ်ရဲရတာလဲ..
ဟမ့်!ငြင်းဖို့တော့မကြိုးစားနဲ့ လုံခြုံရေးကအကုန်မြင်ထား
ပြီးပြီ။"
ဒီအသံက သင်ကြားရေးမှုးဆီကနေထွက်လာမှန်း လင်းဖန်သိသည်။သူတွေးလိုက်တယ်။
'ဘယ်လောက်တောင်စိတ်ဝင်စားဖို့ ကောင်းလိုက်သလဲ။
ဒီစကားတွေက သူအရင်ဘဝတုန်းကကြားခဲ့ရတာနဲ့
တစ်ထပ်ထည်းပဲ'

သူတိတ်ဆိတ်နေခဲ့သည်။သူလုံခြုံရေးကို ဘာကြောင့်
အဲ့ဒီ့လူမိုက်လေးတွေရိုက်တာခံနေရချိန် ဝင်မတားတာလဲ
လို့မမေးခဲ့ဘူး။အဲ့ဒီ့မေးခွန်းကအသုံးမဝင်တဲ့မေးခွန်း
ဖြစ်မှန်း သူသိတဲ့အတွက်ကြောင့်ဖြစ်သည်။
"မင်း"
သင်ကြားရေးမှုးက လင်းဖန်ကိုဆက်လက်အပြစ်တင်ဖို့
အနားချဉ်းကပ်လာချိန်မှာ လင်းဖန်ခေါင်းပေါ်က
ပြင်းထန်တဲ့ဒဏ်ရာကိုတွေ့သွားတဲ့အတွက် သူ့လေသံ
ရပ်တန့်သွားခဲ့တယ်။

"ကောင်းပြီ။မင်းအမှားကိုနားလည်လိုက်ပြီလို့ ငါယူဆလိုက်
မယ်။သွား...မင်းအတန်းပိုင်ဆရာကိုသွားရှင်းပြလိုက်။
ပြီးရင် အိမ်ပြန်ပြီး မိသားစုနဲ့အတူဆေးရုံသွားလိုက်ဦး"
ဟု သင်ကြားရေးမှုးကပြောလိုက်သည်။ဘယ်လိုပဲဖြစ်ဖြစ်
သူလင်းဖန်ကို ကျောင်းမှာသတိလစ်မသွားစေလိုပါ။

"ဟုတ်ကဲ့ပါ" , လင်းဖန်အသံတိုးတိုးလေးနဲ့ပြန်ပြော
လိုက်တယ်။အနည်းဆုံးတော့ ဒီတစ်ကြိမ်မှာ စာလုံးရေ
သုံးထောင်ပါတဲ့တောင်းပန်စာကို မရေးရတော့ဘူး။
သူရုံးခန်းအတွင်းကိုဝင်လာချိန်မှာ ပြတင်းပေါက်နားမှာ
ထိုင်နေတဲ့သူကို တွေ့လိုက်ရတယ်။သူက လော့လိ။
လော့လိက သူတို့အတန်းပိုင်ဆရာဖြစ်သည့်အပြင်
သင်္ချာသင်ပေးတဲ့ဆရာတစ်ယောက်။ဘာထပ်ရှိဦးမလဲ။
ဟုတ်တာပေါ့....သူလော့လိကိုကြိုက်ခဲ့တဲ့အပြင်
သူ့အတွက်အရာရာကိုစွန့်လွှတ်ခဲ့တယ်။ဟုတ်တယ်....
သူလော့လိအရမ်းကြိုက်ခဲ့ပေမယ့် အဲ့တာ အချစ်မဟုတ်ဘူး။

၁၁ နှစ်ကြာပြီးနောက်မှာတော့ လင်းဖန်ဒီလူ့ကို
နောက်တစ်ကြိမ်ပြန်တွေ့ခဲ့ပြီ။ယခုအခါမှာ သူ
ထူးထူးဆန်းဆန်းတည်ငြိမ်နေတယ်။သူ့ရဲ့ချစ်ခင်မှုတွေက
လော့လိအတွက်တော့ရယ်စရာတစ်ခုထက်မပိုဘူးလို့
တွေးမိသည်။ဘာကြောင့်လဲဆိုတော့ လော့လိမှာ
ယောက်ျား ၊ မိန်းမတွေ မနာလိုစေလောက်တဲ့အထိလှပ
တဲ့မျက်နှာလေးရှိတယ်။သူကလှပကျော့ရှင်းပြီး
အရည်အချင်းရှိတဲ့အတွက် လူတိုင်းကသူ့ကိုလိုချင်ကြတယ်။
သူကအရမ်းကို ဆွဲဆောင်မှုရှိတဲ့အတွက် အင်မတန်
အစွမ်းထက်လွန်းသူလို့ခေါ်တဲ့ N မြို့ရဲ့မြေအောက်လောက
ဘုရင်တောင် သူ့ကိုကြွေသွားခဲ့တယ်။

I Got My Bad Side  Awakened After Rebirth[ဘာသာပြန်]Onde histórias criam vida. Descubra agora