Chapter 12

2.1K 454 6
                                    

[Zawgyi]

"အို!သွားပြီ!စာမေးပွဲရလဒ်က ဒီနေ့ထွက်လာမှာ...
ငါတော့ အရမ်းစိတ်လှုပ်ရှားနေပြီ"
"သိပ်ပြီး စိတ်လှုပ်ရှားမနေပါနဲ့....ငါကတော့ စာမေးပွဲထပ်ကျတော့မယ်ဆိုရင်တောင် စိတ်မလှုပ်ရှားဘူး
ဘာလို့လည်းဆိုတော့ လင်းဖန်ကအမြဲတမ်းအတန်းထဲမှာ
နောက်ဆုံးရနေတာလေ"
"ဟား...ဟား....နင်ပြောတာမှန်တယ်"
"ရှုးးးးထပ်မပြောနဲ့တော့ သူလာနေပြီ"

လင်းဖန်အတန်းထဲကို လျှောက်လာတာကိုမြင်တဲ့အခါ
စကားပြောနေကြတဲ့မိန်းကလေးတွေက ချက်ချင်း
ပါးစပ်ပိတ်လိုက်ကြသည်။လင်းဖန် ပါးကနေချွေးတွေ
စီးကျနေသည်။ကြည့်ရတာ အခုလေးတင်ပြေးလာသည့်
ပုံပေါက်သည်။အရင်ဘဝတုန်းက သူတို့လင်းဖန်ကို
ဂရုမစိုက်ကြသဖြင့် သူ့ကိုကဲ့ရဲ့ပြောဆိုနေသည်များကို
ကြားခဲ့ရသည်။အဘယ်ကြောင့်ဆိုသော်
ထိုအချိန်တုန်းက သူရဲဘောကြောင်တဲ့လူတစ်ယောက်
ဖြစ်နေလို့ဖြစ်သည်။

အခုချိန်တွင်တော့ သူတို့ လင်းဖန်ကို
ကြောက်ကြသည်။အကြောင်းအရင်းကတော့ သူတို့
အတန်းဖော်တွေဆီကနေ လွန်ခဲ့တဲ့ရက်အနည်းငယ်က
လင်းဖန်သည် သူ့ကိုရိုက်နှက်နေတဲ့
သူတွေကို ခြောက်လှန့်ဖို့ ကိုယ့်ခေါင်းကိုအုတ်ခဲဖြင့်ပြန်ထု
ခဲ့တယ်ဟု ကြားရ၍ဖြစ်သည်။ထိုအချိန်တုန်းက
ဘေးကနေကြည့်နေတဲ့သူတွေမရှိပေမယ့် စောင့်ကြည့်
ကင်မရာကနေ သူ့ခေါင်းသူပြန်ထုနေသည့် ဗီဒီယိုကို
တွေ့ခဲ့ရသည်။

သူ့မျက်နှာ တစ်ခုလုံးသွေးများဖြင့်ဖုံးလွှမ်းနေကာ
သူ့အကြည့်ကလည်း ကြောက်ဖို့ကောင်းနေခဲ့သည်။
ထိုအခိုက်အတန့်က တကယ်ကြောက်ဖို့ကောင်းသဖြင့်
မကြာခင်မှာပဲ အတန်းဖော်တွေအားလုံး ဒီအကြောင်းကြား
ခဲ့ရသည်။အရင်တုန်းက သူတို့ထင်တာ လင်းဖန်သည်
စာညံ့တယ်၊တုံးတယ်၊ဆင်းရဲတဲ့သူ...
အခုချိန်မှာ သူ့ကိုရူးနေတဲ့သူလို့ခေါ်ကြသည်။
လူများရဲ့အကြည့်ရောက်မှာ သူ့ကိုယ်သူပြန်ထိခိုက်အောင်
လုပ်တဲ့သူက သေချာပေါက်ရူးနေတာဖြစ်ရမည်။

ထို့ကြောင့် အရင်တုန်းက လင်းဖန်ကိုအနိုင်ကျင့်ခဲ့တဲ့သူ
တွေတောင် အခုထပ်ပြီးအနိုင်မကျင့်တော့ဘူး။
ဒါပေမယ့် ဘယ်သူကမှလည်း လင်းဖန်ကိုစကားမပြောချင်
ကြဘူး။နောက်ဆုံးမှာတော့ ဘယ်သူကမှရူးနေတဲ့လူနဲ့
မပေါင်းချင်ကြဘူး။လင်းဖန်ကတော့ အဲ့တာတွေကို
ဂရုမစိုက်ပါဘူး။သူ့မှာ နေ့တိုင်းလုပ်စရာတွေအများကြီး
ရှိနေတဲ့အတွက် ကလေးဆန်တဲ့လူငယ်တွေနဲ့
ပေါင်းသင်းဖို့ အချိန်မရှိဘူး။

I Got My Bad Side  Awakened After Rebirth[ဘာသာပြန်]Where stories live. Discover now