Chapter_22

2.9K 444 44
                                    

[Unicode]

'ဖန်းမင်တဲ့လား ကောင်းပြီ​လေ ငါမင်းကိုစိတ်ထဲ
မှာမှတ်ထားလိုက်မယ်'
ချူ​ရှောက်ကစိတ်ထဲတွင် ထိုသို့​တွေးလိုက်သည်။
ထို့​နောက်သူအံကြိတ်ကာ ပြောလိုက်တယ်..
"မင်းကမ္ဘာ​ပေါ်မှာ​ အသက်ရှင်နေရတာကို နောင်တရသွားစေရမယ်"

သူ့မှာ ဒီ​ခွေးမသားကိုလက်စား​ချေဖို့အတွက်
နည်း​လမ်း​ပေါင်း များစွာရှိသည်။ဒါ​ပေမယ့်
သနားစရာ​​ကောင်းတာက....

လင်းဖန်က ချူ​ရှောက်ကိုလွှတ်​ပေးကာ မတ်တပ်ထရပ်လိုက်သည်။ထို့​နောက် ချူ​ရှောက်ကို
လှောင်​ပြောင်လိုက်သည်။
"ဟမ်!ငါကလည်းဘယ်​တော့မှ နောင်မှာ
မဟုတ်တဲ့အတွက် ကျေးဇူးပဲ"

ပြောရရင် သူကပြန်လည်ရှင်သန်လာတဲ့အတွက်
ကျေးဇူး​တောင်တင်​နေ​သေးတာ...အဲ့တာ​ကြောင့်
အသက်ရှင်ရမှာကို နောင်တရစရာအ​ကြောင်း
မရှိဘူး။ထို့​နောက် သူလှည့်ထွက်သွားရန်
ပြင်လိုက်သည်။

"မင်းအခုထွက်သွား​တော့မလို့လား?"

"အင်း​လေ..ငါသာအခုမထွက်သွားရင်
မင်းခွန်အားပြန်ရလာတဲ့အချိန်ကျ ငါ့ကို
သတ်ပစ်မှာ​ပေါ့..မဟုတ်ဘူးလား"

ချူ​ရှောက်ဘာမှပြန်မ​​ပြော​တော့​ပေ။အမှန်
တကယ်လည်း သူထိုသို့လုပ်ရန် စီစဥ်ထားခြင်း
ဖြစ်သည်။

လင်းဖန်က ချူ​ရှောက်ကိုလက်ပြနှုတ်ဆက်ကာ
အခန်းထဲက​နေ ထွက်သွား​တော့သည်။သူသုံး
ခဲ့တဲ့ လိင်ထုတ်ကုန်ပစ္စည်း​တွေအတွက်ကိုတော့
ငွေရှင်း​ပေးခဲ့ဖို့ စိတ်ကူးမရှိဘူး........
ဒါ​ပေမယ့် တစ်မိနစ်​တောင်မကြာ​သေးဘူး
သူပြန်​ရောက်လာခဲ့တယ်။

"မင်းဘာလို့ပြန်လာတာလဲ...သေချင်လို့လား"
ချူ​ရှောက်က​မေးလိုက်သည်။

သို့​သော်လည်း ချူ​ရှောက်ရဲ့​မေးခွန်းကို
လင်းဖန်ပြန်မ​ဖြေခဲ့​​ပေ။သူသည်
ချူ​ရှောက်လက်က ကြိုး​တွေကို​​သာဖြေ​​ပေး
လိုက်ကာ တစ်ခဏ​လောက်​တွေး​တောလိုက်ရင်း
ချူ​ရှောက်၏ခန္တာကိုယ်ကို ကုတ်အင်္ကျီဖြင့်
ဖုံး​ပေးလိုက်သည်။ထို့​နောက် သူလှည့်ထွက်သွား
၏။

I Got My Bad Side  Awakened After Rebirth[ဘာသာပြန်]حيث تعيش القصص. اكتشف الآن