Chapter_20

2.8K 506 43
                                    

[Zawgyi]

ချူရှောက်ကိုလင်းဖန် နီးနီးကပ်ကပ်မြင်ရတာ
ဒါပထမဆုံးအကြိမ်ပဲ။အခန်းကမှောင်နေပေမယ့်
ချူရှောက်ရဲ့နူးညံ့သိမ်မွေ့သည့် အစိတ်အပိုင်းတွေက လင်းဖန်ကိုဆွဲဆောင်သည်။သူက သာမာန်ထက်ကို
ပိုပြီးကြည့်ကောင်းတယ်။

အမှန်ပြောရရင် ချူရှောက်က လောင်လိ့ထက်တောင်
ပိုချောသေးတယ်။ဒီ့ထက်ပိုပြီး ဖွဲ့ဆိုရရင် သူ့ကို
အလှလေးတစ်ယောက်လို့သတ်မှတ်နိုင်သည်။
အကယ်၍သူ့မှာသာဩဇာအာဏာနဲ့တစ်သီးတစ်သန့်ဆန်
လွန်းတဲ့အငွေ့အသက်ဆိုတာရှိမနေရင်
လူတိုင်းကသူ့ကိုအလှလေးလို့ သတ်မှတ်ကြလိမ့်
မည်။

ပြောရမယ်ဆိုရင်ဘယ်သူကမှ မြေအောက်လောကဘုရင်
တစ်ပါးကို'မင်းကအရမ်းလှတယ်' ဆိုပြီး
မပြောရဲပါဘူးလေ။လင်းဖန်ရဲ့အတွေးအရ
သူ့ရဲ့ချစ်လှစွာသောဆရာလောင်လိ့ဆီမှာလည်း
လူတိုင်းနဲ့ယှဉ်နိုင်သည့်လှပတဲ့မျက်နှာလေး
ရှိပါတယ်။

ဒါပေမယ့် ချူရှောက်နဲ့ယှဉ်မယ်ဆိုရင်တော့ လောင်လိ့က
သာမာန်လိုသာဖြစ်သွားသည်။သူ့ရဲ့တစ်ခု
တည်းသော အားသာချက်ကတော့ ဟန်ဆောင်ကောင်း
တာပဲဖြစ်သည်။

ဒီအချိန်မှာ ချူရှောက်ကစိတ်ကြွဆေးဒဏ်ကြောင့်
သူမျက်နှာကနီနေသလို သူ့မျက်လုံးတွေကလည်း
အလိုရမ္မက်ကြောင့် တောက်ပနေတဲ့အတွက်
အလွန်တရာဆွဲဆောင်မှုရှိလှသည်။

'ငါ့သူ့ကိုအရှက်ခွဲချင်နေတာမဟုတ်ပါဘူး။
သူကအလှပဆုံးအနုပညာမြောက် လက်ရာတစ်ခုအဖြစ်
အသိအမှတ်ပြုနေတာပါ'
လင်းဖန်က တွေးလိုက်တယ်။သူ့ကိုယ်သူ ပြန်ပြီးဆင်ခြေ
ပေးနေခဲ့သည်။

'သူကငါ့ကိုအရှက်ခွဲချင်နေတာလား...
မဖြစ်နိုင်ဘူး။ဒီလိုသာဆို သူ့အန္တာရယ်သူဖိတ်ခေါ်လိုက်
တာပဲ'
ချူရှောက်ကလည်း တွေးနေသည်။ဒီအချိန်မှာ သူ
ဒီကောင်စုတ်လေးကို နုတ်နုတ်စဉ်းဖိုးကလွဲရင်
ကျန်တာဘာမှမလိုချင်တော့ပါဘူး။

ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ စိတ်ကြွဆေး
ဒဏ်ကြောင့် ပြင်းထန်သည့်အလိုဆန္ဒများက သူ့အသိစိတ်ကို လောင်မြိုက်နေသည်။
မှုန်ဝါးဝါးမီးအလင်းရောင်ကိုတောင် သူမြင်နိုင်ဖို့
ခက်နေသည်။ချူရှောက်ဘယ်လောက်ပဲ
ကြိုးစားကြည့်ပါစေ မှုန်ဝါးဝါးပဲမြင်နိုင်တယ်။
ဒါပေမယ့် သူအံကြိတ်ရင်း အေးစက်စွာ
ပြောလိုက်သည်။

I Got My Bad Side  Awakened After Rebirth[ဘာသာပြန်]Où les histoires vivent. Découvrez maintenant