[Zawgyi]
လင်းဖန်ထင်ခဲ့တာ သူသေဆုံးသွားပြီပေါ့။သို့ပေမယ့်
သူ့၏ကျောကုန်း ၊ လက်မောင်းနှင့်ခြေထောက်များမှ
နာကျင်မှုတွေက သူမသေဆုံးသေးဘူးဆိုတဲ့ အဖြစ်မှန်ကို
ပြသနေသည်။ပြီးတော့ ထိုနာကျင်မှုများသည် လွန်ခဲ့သောဆယ်နှစ်လောက်က ခံစားခဲ့ရသည့် နှလုံးကဲ့သို့
ကိုယ်တွင်းအဂါင်္များပျက်စီးလာသည့် နာကျင်မှုများနှင့်မတူ ၊ ကွဲပြားခြားနားကြောင်း သူသိသည်။အခုနာကျင်မှုများက ကန်ကျောက်ထိုးနှက်ခံရမှု များမှဖြစ်ပေါ်လာသည့် နာကျင်မှုသာဖြစ်သည်။
ထို့ကြောင့် အနှစ်ချုပ်ဆိုရသော် သူအသက်ရှင်နေသေးသည်
........"ဒီကောင့်ခန္ဓာကိုယ်က အရမ်းပျော့တယ်။ဒါကြောင့် သူ့ကို နည်းနည်း
ငြင်ငြင်သာသာလုပ်..သူ့ခြေတွေလက်တွေကျိုးသွား
အောင် ငါတို့လုပ်လို့မဖြစ်ဘူး။မဟုတ်ရင် ငါတို့ပဲဒုက္ခရောက်
သွားလိမ့်မယ်"
အမှောင်ထု ဖိအားများသည့်လူတစ်ယောက်၏ အသံကျယ်ကျယ်ထွက်လာသည်။
"ဟမ့်!ငါတို့သူ့ ခြေထောက်ကို ချိုးလိုက်လည်း ဘာပြဿနာမှတက်မှာမဟုတ်ပါဘူး။သူကအသုံးမကျတဲ့လူတစ်ယောက်လေ..
ဘယ်သူကသူ့ကိုဂရုစိုက်နေမှာလဲ""မင်းတို့နှစ်ယောက် သူ့ကိုသေချာရှာကြည့်လိုက်ကြ...
သူ့မှာပိုက်ဆံတစ်ပြားမှမရှိဘူးဆိုတာကို ငါမယုံဘူး"
"ကောင်းပြီ"
တစ်စုံတစ်ယောက်က သူ့နားသို့တုတ်တစ်ချောင်းကိုင်ပြီး
ရောက်လာတာကိုမြင်သည့်အခါ လင်းဖုန်းသည်လက်သီး
ကျစ်ကျစ်ဆုပ်ပြီး ထိုလူ့ကိုအရင်ဦးအောင်ထိုးချလိုက်
သည်။"Shit!မင်းကပိုက်ဆံကိုမင်းလက်ထဲမှာကိုင်ထားတာပဲ"
ထိုလူကလင်းဖန်ကိုကန်ချလိုက်ပြီး သူ့လက်ထဲကပိုက်ဆံကို
လုယူသွားသည်။
"ညီအစ်ကို မင်းသိလား သူ့မှာအကြွေစေ့ပဲရှိတယ်"
"အကြွေစေ့ဟုတ်လား?သေလိုက်ပါတော့ !!မင်းကငါ့အချိန်
တွေကိုဖြုန်းတီးနေတာပဲ"
"ညီအစ်ကိုတို့ လာကြသူ့ကိုရိုက်ကြစို့"ထို့နောက်သူတို့ လင်းဖန်ကိုစိတ်ကျေနပ်တဲ့အထိထပ်ရိုက်
ကြသည်။လင်းဖန်မြေပြင်ပေါ်မှောက်လျက်သူ့လက်နှစ်ဘက်
ကိုခေါင်းပေါ်တင်ကာ ကာကွယ်ထားသည်။သူဒီလို
အခြေအနေမျိုးခဏခဏကြုံခဲ့ဖူးသည့်အတွက် ထူးထူး
ခြားခြားခံစားမနေဘူး။ထို့အပြင် သူ့မျက်လုံးတွေက
ရှက်ကြောက်ခြင်းမှ တည်ငြိမ်ခြင်းအဖြစ်သို့ပြောင်းလဲ
သွားသည်။သူ့ကြည့်ရတာ နည်းနည်းစိတ်လှုပ်ရှားနေပုံ
တောင်ပေါ်သည်။
VOUS LISEZ
I Got My Bad Side Awakened After Rebirth[ဘာသာပြန်]
Roman d'amourOriginal Author - Sighing At The Moon (望月兴叹) Eng Translator - Guy Gone Bad Status in COO -187 Chapters+7extras Myanmar Translator -Ichika Yuko You can read both Zawgyi and Unicode..❤❤