Chapter 9

2K 470 3
                                    

[Zawgyi]

ကာစီနိုယူနီဖောင်းက လင်းဖန်နဲ့မတော်ပေမယ့် သူရဲ့
တည်ငြိမ်တဲ့အမူအရာကြောင့် သူ့ပုံစံကကြည့်ရတာ
အလွန်ထူးဆန်းမနေဘူး။သူ့ဘေးပတ်လည်က ထူးဆန်းသည့်အကြည့်များကို လျစ်လျူရှုကာ
လင်းဖန်ကာစီနိုဝင်ပေါက် ရှိရာဆီသွားလိုက်တယ်။
သူထောင့်တစ်နေရာမှာထိုင်လိုက်ပြီး သူ့လက်ကောက်ဝတ်
ကိုဆုပ်ကိုင်ကာ လှည့်နေတယ်။သူ တစ်ကနေ တစ်ရာထိရေတွက် ပြီးသွားတဲ့အခါမှာ မျက်လုံးထောင့်ကပ်ပြီးကြည့်လိုက်
တော့ ဇိမ်ခံကားတစ်စီးဆိုက်ရောက်လာတာကို
တွေ့လိုက်တယ်။

သူစောင့်နေတဲ့ အရာကနောက်ဆုံးတော့ ရောက်လာခဲ့ပြီ။
လင်းဖန် သူ့နှုတ်ခမ်းကိုလျှာဖြင့်သပ်လိုက်ကာ
အပြုံးလေးဖြင့် ထရပ်လိုက်တယ်။ဒီဇိမ်ခံကားပိုင်ရှင်က
ကျူချန်းရှန်။သူက N မြို့တော်၏ အကြီးမားဆုံး သံနှင့်သံမဏိလုပ်ငန်းရဲ့ ဥက္ကဌတစ်ယောက်ဖြစ်တယ်။
သူက စက်ဆုပ်ဖွယ်ကောင်းလောက်အောင် သောက်စား
မူးယစ်ခြင်းနဲ့လောင်းကစားလုပ်ခြင်းကို ဝါသနာထုံတယ်။
ထို့အပြင် သူအကြိုက်ဆုံးဝါသနာကတော့ အသက်မပြည့်
သေးတဲ့ကောင်လေးတွေနဲ့ ကစားခြင်းဖြစ်တယ်။

နောက်နှစ်အနည်းငယ်အကြာမှာ ကျူချင်းရှန်
အသက်မပြည့်သေးတဲ့ကောင်လေးနှစ်ယောက်ကို
အနိုင်ကျင့်ပြီး လက်လွန်သွားကာ သူ့အပိုင်ဗီလာတွင်
သတ်မိခဲ့ကြောင်း သတင်းထွက်လာသည်။ထိုအခါမှသာ
သူ့လျို့ဝှက်ဝါသနာအကြောင်း ပြည်သူတွေသိကုန်သည်။

လင်းဖန်ကကျူချင်းရှန်ရဲ့ လျို့ဝှက်ချက်ကိုသိတဲ့အတွက်
ထိုအရာကိုအခွင့်ကောင်းယူရန် ဆုံးဖြတ်ခဲ့သည်။
ဒါပေမယ့် သူကနာကျင်မှုမှာသာယာတဲ့သူတော့
မဟုတ်ပါဘူး။သူလိုချင်တာက ကာစီနိုထဲဝင်ခွင့်ရဖို့ပါ။
ကားရပ်သွားတဲ့အခါမှာ အခြားရပ်ပြီးဆွဲဆောင်နေကြတဲ့
သူတွေနဲ့မတူဘဲ လင်းဖန်ကတိုက်ရိုက်ကားတံခါးသွား
ဖွင့်ပေးလိုက်တယ်။
"မင်း...."

ကားထဲကသူကနည်းနည်းအံ့ဩသွားတယ်။လင်းဖန်ပြုံးပြီး
ပြောလိုက်တယ်။
"ဗေဒင်ဆရာကပြောလိုက်တယ် ဒီနေ့ကကျွန်တော်ကံကောင်းတဲ့နေ့တဲ့"
"အိုး...ဟားဟား....မင်းကစိတ်ဝင်စားဖို့ကောင်းတဲ့သူပဲ။
ငါနဲ့လိုက်ခဲ့"
သူက လင်းဖန်ကိုမပယ်လိုက်ပါဘူး။ဒါက လင်းဖန်ပြောတဲ့
စကားကိုယုံသွားလို့တော့မဟုတ်ဘူး။

I Got My Bad Side  Awakened After Rebirth[ဘာသာပြန်]Donde viven las historias. Descúbrelo ahora