Chapter 10

2K 473 6
                                    

[Zawgyi]

တစ်ရာ , နှစ်ရာ , နှစ်ရာနဲ့ငါး , နှစ်ရာ စသည်ဖြင့် လင်းဖန်
၅ သိန်းခိုးခဲ့ပြီး လောင်းကစားလုပ်လိုက်ရာ သူ ၂.၈ သန်းထိ
နိုင်ခဲ့တယ်။ချမ်းသာသူတွေရဲ့ မျက်လုံးထဲမှာ ဒီငွေပမာဏက သူတို့အချစ်လေးတွေအတွက် ကားတစ်စီး
ဝယ်ပေးစာလောက်ပဲရှိတယ်။ဒါပေမယ့် ဆင်းရဲသားတွေရဲ့
မျက်လုံးထဲမှာတော့ ဒီငွေတွေက နေလုံးကြီးလောက်
ကြီးမားတဲ့ပမာဏဖြစ်တယ်။သူတို့ထဲကတော်တော်
များများက သူတို့တစ်ဘဝလုံးဒီပမာဏလောက်ထိ
မရှာနိုင်ကြဘူး။

'ကောင်းလိုက်တာ' လင်းဖန် တွေးလိုက်တယ်။
သူ့အောင်မြင်မှုအတွက် သူအလွန်ကျေနပ်အားရသည်။
လင်းဖန် ချိစ်ပ်ပြားတွေကိုစုလိုက်တာကို ဒိုင်ကမြင်လိုက်
တော့ မျက်ခုံးပင့်ကာမေးလိုက်တယ်။
"မင်းထပ်မလောင်းတော့ဘူးလား"
လင်းဖန် ပြုံးပြီးပြန်ဖြေလိုက်တယ်။
"မလောင်းတော့ဘူး။ဒီလောက်ဆို လုံလောက်ပါပြီ"
သူ AG ကောင်လေးတစ်ယောက်ပုံစံအတိုင်း ပြန်တုံ့ပြန်
လိုက်သည်။

အခုဆိုလင်းဖန် ၂သန်းထက်ပိုပြီးပိုင်ဆိုင်သွားပြီ။
ဒီပမာဏက အလှမက်တဲ့ကောင်လေးတစ်ယောက်အတွက်
နောက်တစ်လ ၊ နှစ်လ လောက်ထိလုံလောက်သည်။
ဒီငွေတွေနဲ့ဆို ဒီဇိုင်နာအဝတ်တွေနဲ့ ကိုယ့်ကိုကိုယ်စမတ်ကျကျ နေနိုင်သည်။လင်းဖန်လို
ဘယ်အချိန်ရပ်သင့်ပြီဆိုတာကိုသိတဲ့ ကောင်လေးတွေက
ရှားတယ်။

ထို့ကြောင့် ဒိုင်ကလင်းဖန်ကိုအထင်ကြီးသွားတယ်။
လင်းဖန်ကတော့ သူ့ကိုအခြားလူတွေဘယ်လိုထင်လဲ
ဂရုမစိုက်ပါဘူး။သူကသန့်စင်ခန်းထဲဝင်လိုက်ကာ
သူ့နဂိုအဝတ်အစားတွေ ပြန်လဲလိုက်တယ်။ထို့နောက်
ထို့နောက် သူ့ချိစ်ပ်ပြားများနှင့်ကာစီနိုရဲ့ ငွေလဲကောင်တာ
ကိုသွားလိုက်တယ်။
"Sir , စုစုပေါင်း ယွမ် ၂.၈ သန်းပါ။ကျေးဇူးပြုပြီး
လူကြီးမင်းရဲ့ဘဏ်ကဒ်ကို ကျွန်မကိုပေးပါ။"
ငွေကိုင်မိန်းမက ပြောလိုက်တယ်။

"ကျွန်တော် ငွေသားလိုချင်တယ်။ပြီးရင် ဒီအိတ်ထဲ
ထည့်ပေးပါ"
လင်းဖန် ခရီးဆောင်အိတ်အမဲကို ငွေကိုင်အားပေး
လိုက်တယ်။သူ့မှာ သူ့အမေငွေလွှဲပေးနေကြ ဘဏ်ကတ်ရှိ
တယ်။ဒါပေမယ့် သူငွေအလွှဲအပြောင်းလုပ်တဲ့အချိန်ကျ
သဲလွန်စကျန်ခဲ့မှာဆိုးတဲ့အတွက် သူအဲ့ကတ်ကိုအသုံးပြု
ဖို့ မစဉ်းစားထားဘူး။

I Got My Bad Side  Awakened After Rebirth[ဘာသာပြန်]Dove le storie prendono vita. Scoprilo ora