အိမ်ထဲကို ဝုန်းဒိုင်းကျဲ ဝင်လာတဲ့ ဂျယ်ယွန်း
" သား ကို ဘယ်သူလိုက်ပို့တာလဲ ရည်းစားရနေပြီလား"
" ဗျာ မဟုတ်ပါဘူး"
" လာပါအုန်း အဖေ့နား လာထိုင်ပြီး သေချာပြောပြအုန်း"
အဖေဖြစ်သူက သူ့ဘေးမှာ လွတ်နေတဲ့ ဆိုဖာပေါ်သို့ လက်လှမ်းပြရင်း ထိုင်ခိုင်းလိုက်တော့ မျက်နှာကြီးကို မှုန်ကုတ်ပြီး လာထိုင်ပါလေရဲ့
" သားကို အတင်းခေါ်လာတဲ့ လူကြီးပါ ဘယ်လို လူလည်း မသိဘူး"
နှုတ်ခမ်း လေးကို ဆူပြီး ပြောလာသည့် ဂျယ်ယွန်းက အလွန် ချစ်ဖို့ကောင်းလွန်းသည်။
" ဟာ သားမသိတဲ့ သူတစ်ယောက်နောက်ကို လိုက်လာရလား တစ်ခုခုလုပ်လိုက်ရရင် ဘာဖြစ်သွားမတုန်း"
" သားကို ဘာမှလုပ်လို့မရပါဘူး ခဲတံချွန်တဲ့ ဓားလေးက သက်သက်ကိုဆောင်ထားတာ သူ့ကားပေါ် ရှိနေတဲပ အချိန် အတွင်း တစ်ချိန်လုံး ကိုင်ထားတာ တစ်ခုခုလုပ်ရင် ဓားနဲ့ဆောင့်ထိုးလိုက်မှာပေါ့ "
အကျီ အောက်ထဲ ဖွက်ထားတဲ့ ခဲတံချွန်တဲ့ ဓားသေးသေးလေးကို အရှေ့က ခုံအရှေ့ ထုတ်ပြရင်းပြောလိုက်သည်။
အဖေ ဖြစ်သူသည် လည်း သူ့သား လုပ်ပုံကို ကြည့်ပြီး ချွေးပြန်နေလေရဲ့
" အမလေး ပတ်ဂျေးတော့ မတွေးရက်စရာ "
တီးတိုးစွာ ပြောလိုက်မိပေမယ့် ဂျယ်ယွန်း ကြားသွားခဲ့ပြီး မေးခွန်းတွေ မေးလာတော့သည်။
" ဟမ် ပတ်ဂျေး အဖေ နဲ့ သိနေတာလား "
ယောက်ယပ်ခပ်သွားသည့် မျက်လူံးတွေနဲ့ သားဖြစ်သး အမေးကို ပြန်ဖြေမိသည်။
" မဟုတ်ပါဘူး ဘာလို့သိရမှာလဲ မျက်နှာတောင် မမြင်ဖူးတာကို ထားတော့ သားအခန်းထဲ သွားတော့ "
ခုနကကျ အတင်းလာထိုင်ခိုင်းပြီး အခု ကျ အတင်းနှင်လွတ်နေတာ အဖေ ဘာဖြစ်နေတာလဲ ဆိုပြီး တွေးမိသည်။
ဂျယ်ယွန်း အခန်းထဲသွားဖို့ အလုပ် ထမင်းစားခန်းထဲက ထွက်လာတဲ့ အမေ အနားကို သွားချွဲလေသည်။