" Jaeyun အဲ့တာ ဘယ်သူလဲ "
" ဒီတိုင်း...."
" ဘာဒီတိုင်းလည်း နင်ငါ့ကို မပြောပြဘူး လား "
Jaeyunကို လက်တွဲပြီး ဆွဲခေါ်သွားတဲ့ ကောင်မလေးက တစ်ခြားသူမဟုတ်ဘူး။ ငယ်ငယ်လေးထဲက ကျောင်းတူတူတက်ပြီး မိဘချင်းကလည်း ရင်းနှီးကြတဲ့ ငယ်သူငယ်ချင်းတစ်ယောက်
တစိခြားသူတွေအမြင်မှာ တစ်ပူးပူးတစ်တွဲတွဲ ဖြစ်နေတဲ့ အတွက် ရည်းစားတွေလို့ ထင်ကောင်းထင်နိုင်လိမိ့မယ်။
ဒါပေမယ့် သူတို့နှစ်ယောက်ကတော့ သူငယ်ချင်းလို့ ဆိုတာထက် မောင်နှမလို ပုံစံမျိုး ပြောမနာဆိုမနာတွေပေါ့။
Jaeyun က ကားပေါ်က ဆင်းလာတဲ့ အချိန် Eunji က တွေ့သွားပြီး မျက်နှာက နေရခက်တဲ့ ပုံစံမျိုး ဖြစ်နေတာကြောင့် လက်ကို တွဲပြီး ဆွဲခေါ်လာရတာ ဖြစ်သည်။
" နင့်မျက်နှာကြီးက အနေခက်နေတဲ့ပုံနဲ့ မို့ ဆွဲခေါ်လာရတာ နင့်ကို လိုက်ပို့တာ ဘယ်သူလဲ လို့
ပြောပြပါ နော် နော် နော် ချစ်ရတဲ့ သူငယ်ချင်းလေးရယ် "
" ငါနဲ့ စေ့စပ်မယ့် သူဟေ့ ရပြီလား "
Jaeyunရဲ့ စကားကြောင့် အွန်းဂျီ တစ်ယောက် စွန့်အ သွားခဲ့သည်။ ယောကျာ်းလေးတစ်ယောက်နဲ့ကိုလေ
ပြီးတော့ ကိုရီးယားက ထိပ်တန်းသူငှေးသား Park Jay က Jaeyun နဲ့ စေ့စပ်မယ့်သူတဲ့လေ" တော်ပြီဟာ အတန်းနောက်ကျနေပြီ သွားမယ် "
___________
________စာသင်ပြီးပြန်တော့ လည်း အိမ်ပြန်ရမယ့် အချိန်ကို ရောက်လာပြန်သည်။
စာမေးပွဲနီးနေတာကြောင့် Eunji နဲ့တူတူ စာလုပ်မယ် စဉ်းစားထားသည်။အိမ်ကအဖေနဲ့အမေကို မပြောရသေးပေမယ့် Eunji နဲ့ဆို ခွင့်ပြမှာပါဆိုပြီး
သူ့ကို လာကြိုမယ့် လူကြီးကို ပြန်ဖို့ပြောမလို့ စောင့်နေလေသည်။Eunji ကတော့ တစ်ခြားမိန်းကလေးသူငယ်ချင်းတွေနဲ့ တစ်နေရာမှာ စကားပြောနေလေသည်။
မကြာခင် Jaeyun ရဲ့မျက်စိရှေ့ရောက်လာတဲ့ အနက်ရောင်ကားတစ်စီး