" ဟို Eunji ရဲ့ အမေက အခု ဖျားနေလို့လေ အခု အိမ်ပြန်မှ ဖြစ်မှာမို့ အရင်သွားနှစ်ပြီလို့ Jaeyun ကို ပြောပေးပါနော် "
လွတ်အိတ်တွေ စာအုပ်တွေ မနိုင်မနင်းနဲ့ စာလုပ်နေရင်းကJay ကို ထွက်ပြောတဲ့ Eunji
Eunji အနောက်ကို ကြည့်လိုက်တော့လည်း Jaeyun က ပါမလာ။ သူတို့ စာလုပ်နေတဲ့ ခုံကို လှည့်ကြည့်မိတော့ ကိုယ်တောင်ချော က စားပွဲပေါ် မှောက်ပြီး အိပ်ပျော်နေလေရဲ့
" Jaeyun ကို အကိုဘဲ လိုက်ပို့ပေးလိုက်တော့နော် ဘာဘဲ ဖြစ်ဖြစ် ဆိုင်သူတွေဆိုတော့ စိတ်ချပါတယ် ဟီးဟီး သွားပြီနော် "
နောက်သလိုလို ပြောင်သလိုလိုနဲ့ စပ်ဖြီးဖြီး ပြောပြီး ထွက်သွားတဲ့ Eunji ကြောင့် Jay ရယ်မိသည်။
စလို့ ရယ်မိလိုက်တာ မဟုတ်ဘဲ *ဆိုင်သူတွေ * ဆိုတဲ့ စကားကြောင့် စိတ်ထဲ ကြည်နူးမိသွားပြီး ရယ်မိတာဆို ပိုမှန်လိမ့်မည်။
Eunji ထွက်သွားပြီး တဲ့အချိန် Jay လည်း Jaeyun ကို ခေါ်ပြီး အိမ်ပြန်ဖို့ စားပွဲနား ဖြည်းဖြည်းလေး လျှောက်သွားသည်။
အိပ်မောကျနေပုံရတဲ့ ကောင်လေးကို မနိုးရက်တာနဲ့ ဘေးနားက ထိုင်ခုံလေးကို အသာဆွဲပြီး ဝင်ထိုင်လိုက်ပြီး အိပ်ပျော်နေတဲ့ ကောင်လေးရဲ့ မျက်နှာ လေးကို တစ်စိမ့်စိမ့် ကြည့်နေမိသည်။
မျက်ခွံပေါ်သို့ ကျလာတဲ့ ဆံနွယ်လေးကိုတောင် Jay မနာလိုမိတာ အမှန်ပင်။
အနက်ရောင် ဆံနွယ်လေးတွေကို အသာလေး သပ်တင်ပေးလိုက်တော့ အနည်းငယ် လှုပ်ရှားစပြုလာသည်။
ချက်ချင်း မနိုးသေးဘဲ သူပါ စားပွဲပေါ်ကို ခေါင်းမှောက်ချလိုက်သည်။
အရမ်းနီးကပ်လွန်းတာ ကြောင့် ခွေးပေါက်လေးရဲ့ အသံရူသံ လေးတွေကိုပါ ကြားနေရသည်။
ဘယ်လိုများ ချစ်မိသွားခဲ့တာလဲ? Jaeyun နဲ့ စတွေ့မှ မြင်မြင်ချင်း အချစ်ကို ယုံကြည်လိုက်ရတော့မှာလား?
Jaeyun ကို စစတွေ့တဲ့ နေ့မှာတင် Jay ရဲ့ အချိန် ကြာကြာ ရင်မခုန်ခဲ့တဲ့ နှလူံးသားလေးက ပြန်ပြီး နိုးလာသလို ထိုကောင်လေးကို မြင်လိုက်တိုင်း သူ့အကြောင်းတွေကို တွေးလိုက်တာ ရင်ခုန်သံတွေမြန်လာတာကို Jay ကိုယ်တိုင်လည်း သတိပြုမိသည်။