~ 14 ~

749 91 4
                                    

သူထားခဲ့တဲ့အတိုင်း နေခဲ့တဲ့ ငတုံးလေးကို ဟိုတယ်ထဲက ခေါ်ပြီး အိမ်ဆီကို ပြန်လာခဲ့သည်။

အိမ်ရှေ့ရောက်တော့ ကလေးငယ်က အိမ်မက်ကမ္ဘာထဲ ရောက်နေပြီ။ ဒီကလေးငယ်ရဲ့ နှလုံးသားကို သူအရမ်းနှိပ်စက်နေမိပြီလား။ မျက်နျှာပါ် ကျနေသည့် ငွေရောင်ဆံနွယ်လေးတွေကို ဖွဖွလေး သပ်တင်ပေးရင်း အချိန်တော်တော်ကြာ ကြည့်နေမိသည်။

* ဖြစ်နိုင်ရင် ညီလေးတစ်ယောက်ထက်ပိုပြီး ချစ်ချင်တယ်ဆောနူကို  ဒါပေမယ့် အကို့နှလုံးသားမှာ ပိုင်ရှင်ရှိနေတာကြောင့် ချစ်မရဖြစ်နေလို့ တောင်းပန်ပါတယ် *

အိပ်နေသည့် ကောင်လေး မနိုးအောင် ကားခါးပတ်ကို ချွတ်ပေးပြီး အသာလေးပွေ့ချီလိုက်တော့ ရင်ခွင်ထဲ အလိုက်သင့်လေးပါလာသည်။

" သခင်လေး ဘာ..... "

" ရှူးးးးး "

အိမ်တော်ထိန်းကြီးရဲ့ စကားက်ု ဆက်မပြောဖို့ လှမ်းတားလိုက်သည်။ မဟုတ်ရင် ဆောနူ နိုးသွားမှာလေ။ အိမ်တော်ထိန်းကြီးလည်း ဂျယ်ယွန်း ဘာကို ဆိုလိုနေတယ် ဆိုတာကို သိတာကြောင့် သူလုပ်စရာရှိတာကိုသာ ဆက်လုပ်နေတော့သည်။

ဖြည်းဖြည်းချင်း လှေကားက တက်ရင်း အခန်းတံခါးကို ဖွင့်ကာ အသာအယာလေး ခုတင်ပေါ့ ချပေး‌လိုက်သည်။

ထိုအချိန်ထိ အိမ်မက်ကမ္ဘာထဲ ပျော်မြူးနေတုန်း

ဂျယ်ယွန်း ထတော့မယ်အလုပ် သူ့ကုတ်အကျီကို ဆွဲထားသည့် ဆောနူရဲ့ လက်တွေကြောင့် ထဖို့လုပ်နေသည်မှာ ရပ်တန့်သွားသည်။

" အကို မသွားပါနဲ့ ထားမသွားပါနဲ့ ကျွန်တော် တစ်ယောက်ထဲ ကြောက်တယ် ထားမသွားပါနဲ့" ဆိုတဲ့ စကားတွေကိုသာ ထပ်ခါထပ်ခါပြောပြီး ယောင်နေသည့် ဆောနူက သူခန်းမထဲ ထားခဲ့တာကို စိတ်မကောင်းဖြစ်သွားသည့် ပုံပေါ်သည်။

* ချစ်ရတာ ပင်ပန်းလိုက်တာ *

တကယ်တည်းပြောရမယ်ဆို ဂျယ်ယွန်း မုန်းတဲ့သူထဲ ဆောနူ ပါသည်။ မုန်းသင့်သည်မဟုတ်လား? ဂျေးနဲ့ သူနဲ့ကို ခွဲခဲ့သည့်သူတွေထဲ ပါဝင်နေသူ တစ်ယောက်ဘဲ မဟုတ်လား။

Love is you | DOUBLE JWhere stories live. Discover now