" ဟယ်လို ဂျေး ငါမင်းနဲ့ ပြောစရာရှိတယ် အခုချက်ချင်း ငါပို့လိုက်တဲ့ လိပ်စာအတိုင်း လာခဲ့ပေးပါ "
သာမာန်မဟူတ်တဲ့ ကိစ္စတစ်ခုခုဖြစ်နေတာကို ဂျေး သတိထားလိုက်မိသည်။ ဖုန်းထဲက ဂျယ်ယွန်းရဲ့ အသံက တည်ကြည်ပြတ်သားနေခဲ့တာမဟုတ်ဘဲ တှုန်ရီနေခဲ့သည်။
ဖုန်း ကျသွားပြီး ချက်ချင်းဆိုသလို message တစ်စောင်ဝင်လာသည်။
* _&-_++ ဟိုတယ်ကို လာခဲ့ပေးပါ *
ဂျယ်ယွန်းဆီက မက်ဆေ့ပ်ဝင်လာတာနဲ့ တစ်ခါထဲ ဂျယ်ယွန်းပို့ပေးသာ့် ဟိုတယ်ကို ထွကိလာခဲ့သည်။
ဟိုတယ်ဆိုမှာ နာမည်ကို သေချာကြည်ြမိတာ ဒါက ဂျယ်ယွန်းအဖေက ဂျယ်ယွန်းကိုပေးထားတဲ့ ဟိုတယ် ဘဲ။
ဒါပေမယ့် ဒီလို ဟိုတယ်မှာ ညကြီးမင်းကြီး သူ့ကို ဘာကိစ္စ ခေါ်ရတာလဲ?
ဘယ်လိုဘဲ ဖြစ်ပစေ ဂျယ်ယွန်းက ခေါ််ဆိုတာ နဲ့ ပျော်ပြီးး ချက်ချင်းကို ပြေးလာလိုက်သည်။
ဧည့်ကြိုကောင်တာက ဝန်ထမ်းတွေကလည်း ဂျေး ရောက်လာတာနဲ့ ဂျယ်ယွန်းရှိနေတဲ့ အခန်းနံပါတ်ကို ပြောလိုက်သည်။
" သူငှေးက ၃လွှာ အခန်း ၁၀၁ မှာပါ "
ဝန်ထမ်းတွေပြောသည့် အတိုင်း ၃လွှာ သို့ တက်သွားပြီး အခန်းနံပါတ် ၁၀၁ ကိုဖွင့်လိုက်တော့ အခန်းထဲတွင် ဘယ်သူမှ ရှိမနေ။
ရေချိုးခနိးထဲ ရှာတော့လည်း မတွေ့
" ဟူတ်ကဲ့ ရှာတွေ့တာနဲ့ ချက်ချင်း အကြောင်းကြားပေးပါ "
ဆိုတဲ့ ဖုန်းပြောသည့် အသံကို ကြားတော့ ဝရံတာဘက်မှာ ဂျယ်ယွန်းက ရှိနေသည်။
အသံမပေးဘဲ တိတ်တိတ်လေး အနောက်ကနေ ဝင်ဖက်လိုက်တော့ အရင်အတိုင်း ရင်ခွင်ထဲ ခန္ဓာကိုယ်လေးက မြှပ်ဝင်သွားသည်။
ချက်ချင်းဆိုသလို ဂျေးရဲ့လက်တွေကို ဖယ်ထုတ်ပေမယ့် ဖယ်ထုတ်လေလေ ပိုပိုပြီး တင်းတောင်ဖက်လာသည်။
" ဂျေး ငါ့ကို လွှတ် ငါမင်းနဲ့ အလွမ်းသယ်ဖို့ ခေါ်လိုက်တာမဟုတ်ဘူး ပြောစရာရှိလို့ "
![](https://img.wattpad.com/cover/270818400-288-k626313.jpg)