❗ဆေးပညာ အကြောင်းကို လုံးဝ မသိတဲ့အတွက် ဒီအပိုင်းရေးသားထားတဲ့ အရေးအသားတွေ မှန်သမျှဟု စိတ်ကူးယဉ် သက်သက်သာ ဖြစ်တဲ့ အကြောင်းကို ကြိုတင် ပြောချင်ပါတယ်။ မကြိုက်ဘူး အဆင်မပြေဖူးဆို ဖြတ်ချပေးပါမယ် ❗
တီဗွီက သတင်းကို မြင်မြင်ချင်း အခင်းဖြစ်တဲ့ နေရာကို ဂျေး လိုက်သွားသည်။
ဒါပေမယ့် စုတ်ပြတ်သက်နေသည့် ကားနဲ့ သွေးကွက်တွေကလွဲ ဘယ်သူ့က်ုှ မမြင်ရ။
ဘေးမှာရှိနေတဲ့ တာဝန်ကျ ရဲကို မေးကြည့်တော့ နှစ်ယောက်လူံး ဆေးရုံကို ရောက်သွားပါပြီတဲ့
သူကိုယ်တိုင်ကကို တုံးတာ အစထဲက ဆေးရုံကို လိုက်သွားရောပေါ့။
လူလည်း ပူထူနေတော့ သေချာ မစဉ်းစား မမေးမြန်းဘဲ ရောက်ချလာခဲ့တာ။နှစ်ယောက်လုံးကို ဘယ်ဆေးရုံကို ပို့လိုက်တာလဲလို့မေးလိုက်တော့ ပို့လိုက်တဲ့ ဆေးရုံက ဆောနူ တက်နေသည့် ဆေးရုံနဲ့ တူတူဘဲ။
ချက်ချင်းဘဲ ဆေးရုံကို ပြန်လာခဲ့ပြီး အရေးပေါ်အခန်းရှေ့မှာ ဆရာဝန်တွေကော် ဂျယ်ယွန်းရဲ့ မိဘတွေ သူတဲ့ မိဘတွေ ယူနာရဲ့ မိဘတွေ ပြီးတော့ နီခီ ၊ ဂျယ်ယွနိးရဲ့ အတွင်းရေးမှူး၊ သက်တော်စောင့်ချွဲ သူတို့ရဲ့ မျက်နှာတွေ ကြည့်ရတာ အခြေအနေတွေ ဘယ်လို ဖြစ်နေလဲ ဆိုတာ ရိပ်မိနေသည်။
ဆရာဝန် ပြောနေသည့် စကားကို ကြားရဖို့ အတွက် အနားကို တိုးသွားလိုက်သည်။
" နှစ်ယောက်လုံးရဲ့ အခြေအနေက ဆိုးနေပေမယ့် ကျွနိတော်တို့ အတက်နိုင်ဆူံး ကယ်ပေးပါ့မယ်"လို့ ပြောကာ ခွဲစိတ်ခန်းထဲ ဝင်သွားသည့် ဆရာဝန်တွေ သူနာပြုတွေက အများကြီး။
ဂျေးကိုယ်တိုင်လည်း မရပ်တည်နိုင်တော့ဘူး တကယ်လို့ တစ်ခုခုသာ ဆိုတဲ့ အတွေးတွေက ခေါင်းထဲ တန်းစီ ဝင်လာပြီး မွန်းကြပ်လာသည်။
" အဖေ ယွန်း ဘာမှ မဖြစ်လောက်ပါဘူးနော် "
ဘေးနားမှာ ရပ်နေသည့် အဖေဖြစ်သူကို မျှော်လင့်တကြီး မေးတော့ အဖေက
" သားရယ် အဆင်ပြေသွားမှာပါ စိတ်ကို အေးအေးထားပါ။ " လို့သာ ပြန်ပြောလာသည်။