ဒီတစ်ကြိမ် နိုးထ လာတဲ့ မနက်ခင်းက နွေးထွေးနေခဲ့သည်။
ကိုယ်လက် သန့်စင်ဖို့ အိပ်ယာက နေ ဂျေး မနိုးအောင် တိတ်တိတ်လေး ထပေမယ့်လည်း ဘယ်အချိန်ထဲ နိုးနေမှန်း မသိတဲ့ ဂျေးက သူ့လက်က ပြန်ဆွဲလိုက်သည်။
" ဘယ်သွားမလို့လဲ "
" မျက်နှာ သွားသစ်မလို့လေ "
" ဒီတိုင်းလေး ခဏလေး ထက်နေရအောင်နော် "
လူကို ရင်ခွင်ထဲ အတင်းဆွဲသွင်းထားတာကလည်း မသိရင် ချုပ်ထားသလားအောင်းမေ့ရသည်။ သူ လွတ်ပေးလို့ပြာရရင် လွတ်ပေးမယ့်ပုံမပေါ် ။
" အင်း ခဏပဲနော် "
" ဂျေး ယူနာကိုယ်ဝန်က ဘယ်နှလလဲ "
" ငါးလ ပေါ့ ဒီလဆို ခြောက်လ ဘာလို့မေးတာလဲ "
" ယွန်းတို့ ကွဲသွားကြတာလဲ ငါးလဘဲလေ ယူနာက ကိုယ်ဝန်ရ......... ဘာမှမဟုတ်တော့ဘူး"
" ဟေးး ကိူယ့်ကို ထားမသွားနဲ့ လေ "
ယူနာရဲ့ အကြောင်းတွေမေးပြီး ချက်ချငိးဆိုသလို ကုတင်ပေါ်က ထသွားပြီး ရေချိုးခနိးထဲ ဝင်သွားသည်။
ဂျယ်ယွန်းပြောလိုက်သည့် စကားကို သေချာ စဉ်းစားက်ြည့မှ ဂျယ်ယွန်းနဲ့ သူနဲ့ ပြတ်သွားခဲ့တုန်းက အချိန်နဲ့ ယူနာ ကိုယ်ဝန်ရတဲ့ အချိန်နဲ့က တစ်ထပ်ထဲ ဖြစ်နေတာကို စဉ်းစားမိသည်။
ရေချိုးခနိးထဲက ထွက်လာမှ ယွန်းကို ပြန်မေးတော့မယ်ဆိုပြီး ဖုန်းကို သာကြည့်နေတော့သည်။
" ဂျေး "
ရေချိုးခန်းထဲက ထွက်လာသည့် ယွန်းက ခွေးပေါက်လေး ရေစိုနေသလို သေးသေးလေးဖြစ်နေတာ ဂျေးမျက်လုံးထဲမှာပေါ့
မနေ့ညက အငမိးမရ နမ်းရှိုက်ခဲ့တဲ့ နှုတ်ခမ်းဖူးဖူးလေးကလည်း ရဲနေဆဲ။
ဘာကိစ္စ ဒီလိုမျိုး ချစိဖို့ကောင်းရတာလဲ။
" လာ ဒီမှာလာထိုင် ခေါင်း သုတ်ပေးမယ် "
ပုဝါအဖြူရောင်လေးကို ကိုင်ကာ လှုပ်စိလှုပ်စိနဲ့ သူ့နားလာထိုင်တဲ့ ယွန်းကို စိတ်ရှိလက်ရှိ နမ်းပလိုက်ရရင် အောက်စီဂျင် ပြတ်ပြီး သေသွားနိုင်တယ်။ အဲ့တာကြောင့် ကိုယ့်စိတ်ကိုယ်သာ လျော့လိုက်ရသည်။