" နီခီ ငါမင်းနဲ့ တွေ့ချင်တယ် "
မနေ့ညကတော့ သူမေးတာ ဖြေမသွားဘဲ အခုကြမှ ချက်ချင်းကြီးတွေ့ချင်တယ်ဆိုတော့ ဘာများဆူမလို့ပါလိမ့်?
" လာခဲ့မယ် အခု "
ပြောလက်စဖုန်းကို ချပြီး ဥက္ကဌ အခန်းကို တန်းပြေးတော့သည်။
တံခါးကို မခေါက်ဘဲ တစ်ခါထဲ ဝင်ချလိုက်သည်။
" နီရှီမူရာ မင်းဒါတွေကို လုပ်ထားတာလာ မငိးဘာလုပ်ထားလဲ မင်းသိရဲ့လား "
အခန်းထဲဝင်ဝင်ချင်း ရုတ်တရက်ခန္ဓကိုယ်ပေါ် ရောက်လာသည့် စာရွက်တွေကြောင့် လန့်မိသည်။
ကြမ်းပြင်ပေါ် ကျနေသည့် စာရွက်တွေကို ကောက်ယူကြည့်လိုက်တော့ လွန်ခဲ့တဲ့ ငါးလတုန်းက ပိုက်ဆံချေးထားသည့် စာရွက်စာတန်းတွေ
"ကျစ်!! ငါ မပြောပါနဲ့လို့ပြောထားရဲ့နဲ့ "
" နီခီ ဘာတွေလည်း ငါ့ကိုပြောစမ်း ဘာကိစ္စကြောင့် ပိုက်ဆံတွေအများကြီး ချေးလိုက်တာလဲ "
မျက်ထောက်နီကြီးနဲ့ ကြည့်လာသည့် ကုမ္ပဏီရဲ့အရေးပါသူ ဥက္ကဌဂျေး ကို ကြည့်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့။
သူသာ ဒီကိစ္စကိုပြောလိုက်ရင် စေ့စေ့စပစပ်ရှိတဲ့ ဂျေးက နောက်ကြောင်းတွေပါ စူံစမ်းရင် ကျန်တာတွေပါ သိကုန်တော့မှာသိသည်။
" ဟို အဲ့တာက ကျွန်တော် ပြိုင် ပြိုင်ကား ဝယ်ဖို့ "
" လွန်ခဲ့တဲ့ ငါးလကလေ ဒီလောက်ဈေးကြီးတဲပ ကားက ရှိလို့လား "
" ရှိတာပေါ့ အကိုရဲ့ ဂျပန်ကထုတ်တဲ့ limited editionလေဗျာ ဒီလောက်တော့ရှိမှာပေါ့ "
" အဲ့တာဆို အဲ့ကားကကော် "
" ဟို... ဟို.. အဲ့.. အဲ့... တာက ပြန်.. ပြန်ရောင်းလိုက်ပြီ အကိုသိရင်ဆူမှာ ဆိုးလို့ "
လိမ်တာ ပိရိတဲ့ နီခီကတော့ ဂျေးကို အတုလုပ်ထားတဲ့ ကားဝယ်တုနိးက စာရွက်တွေကို ပြလိုက်သည်။
" ထားတော့ ငါပြောချင်တာ ဒါဆိုပေမယ့် နောက်တစ်ခုလည်းပြောချင်တယ် "