Tell Me I'm Your Best Friend

1.5K 219 28
                                    

Unicode :

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode :

Tell me you're my Best Friend

" ဝေါ့ !! "

" ရား ပတ်ဂျီမင်း !! "

ကျွန်တော်ဂျွန်ဂျောင်ဂုရဲ့ သာယာသောမနက်ခင်းလေးကတော့ အမူးသမားပတ်ဂျီမင်းရဲ့အန်ဖက်တွေနဲ့စတင်ခဲ့ရတာပေါ့။ ညကတည်းက အလွန်အကြူးတွေသောက်လာပြီး သူများအိပ်ရာပေါ်အိပ်ပျော်သွားတာမို့ ဆိုဖာပေါ်မှာပဲတစ်ယောက်တည်း တစ်ကမ္ဘာတည်လိုက်ရင်း အမူးသမားအား သူ့အိပ်ရာလေးပေးထားလိုက်ရသည်။

" ဘာလဲ သူ့ကိုပြန်မချော့တော့ဘူးလား "

" No ပဲ !! Never ! "

ကောင်မလေးနဲ့ပြသနာတက်လာတယ်တဲ့လေ။ ဒါကြောင့်ပဲ လူပုစိတ်တိုကြီးကတအားတွေမူးကွဲအောင်သောက်ပြီး သူများအိမ်မှာလာသောင်တင်ရင်း အန်တောင်အန်သွားပေးသေး။ တကယ် တကယ် ဂျွတ်စဘွတ် !

" ဟျောင့် ဟိုမှာ ဂျီအွန်း...."

" အဲ့တော့ရော ငါ့စောက်ပူလား "

ကျောင်းခန်းထဲဝင်ခါနီး သူ့ကောင်မလေးတွေ့လို့လည်းလှမ်းပြောရသေးတယ် လူကြားထဲအငေါက်လည်းခံလိုက်ရသည်မို့ ကိုယ်တိုင်တောင်မသိပဲ ဇက်ကလေးပုလိုက်မိသည်။ ပတ်ဂျီမင်းက ရုပ်လေးကသာ နုနုထွတ်ထွတ်လေး တကယ်တော့ လူရော စိတ်ပါ ကြမ်း !

" တကယ်ရော ပြတ်နိုင်ပြီလား "

" အေး တကယ် ဒီတစ်ခါတော့တကယ် "

တစ်နေကုန်လုံး ‌ဂျီအွန်းဘက်ကိုယောင်လို့တောင်လှည့်မကြည့်တဲ့အပြင် အရိပ်လေးမြင်တာနဲ့တင် တောက်တွေချည်းခေါက်နေတာမို့ ဒီတစ်ခါပြတ်မယ်ဆိုတာကိုတော့ သူ့အနေနဲ့အကြွင်းမဲ့ယုံလိုက်ရတော့မလို....

» Short Stories in my Mind « || KM ||Where stories live. Discover now