Unicode :နေ ကြာ | KM Oneshot
ဒီဇင်ဘာ 2 ရက်နေ့.....
မောင်နဲ့ကျွန်တော် လမ်းခွဲဖြစ်ခဲ့ကြတယ်။" မောင် အစ်ကို့ကို အများကြီးချစ်ပေးမှာပါ "
ရယ်စရာနည်းနည်းတော့ကောင်းတယ်ဗျ။
ကျွန်တော် မောင့်ကိုအဖြေပြန်ပေးတဲ့နေ့ကလည်း ဒီဇင်ဘာ 2 ရက်နေ့ပဲ။ အော် ချစ်သူစဖြစ်တဲ့နေ့လေးဆိုပြီး အမှတ်တရလှလှလေးနဲ့ပဲ တစ်သက်တာမှတ်ထားရမယ်ပဲထင်ခဲ့တာပေါ့။" အစ်ကိုကွာ ညဘက်ကြီးခေါင်းလျှော်ပြန်ပြီ "
ချစ်သူဖြစ်ပြီး နှစ်နှစ်အကြာမှာ အတူတူနေဖြစ်ခဲ့ကြတယ်။ နှစ်ဖက်မိဘတွေကလည်း နယ်မှာပဲဖြစ်တာမို့ ကျွန်တော်တို့ရဲ့အရာအားလုံးဟာ လွတ်လပ်နေခဲ့တယ်လို့ပဲ ပြောရမလား။
" မောင်ကြိုက်တတ်တာလေး ချက်ထားတာကို သေချာမမြည်းလိုက်လို့ ငန်သွားရတာပါ "
ချစ်သူသက်တမ်းသုံးနှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ မောင်ကြိုက်တတ်တဲ့ဟင်းလေးတွေချက်ထားပေးခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ အရသာတွေက ဆိုးရွားနေခဲ့လွန်းသည်။
သို့သော် မောင်သည် မျက်နှာတစ်ချက်လေးတောင်မညှိုးသွား။ မောင် အငန်အရမ်းကြိုက်တာလေ ဆိုတဲ့စကားတွေပဲအထပ်ထပ်အခါခါပြောရင်း ဟင်းတွေအကုန်ကုန်အောင်စားပစ်ခဲ့သည်။ အဲ့နေ့က မောင့်နာမည်ပြောင်လေးတစ်ခုတိုးလာခဲ့တယ်။ ခွေးပေါက်လေးတဲ့.... ဟင်းစ တစ်စတောင်မကျန်အောင်စားပစ်ခဲ့လို့တဲ့လေ။
" မောင် ဟီးဟီး အပြောင်းအလဲလေးများဖြစ်မလားလို့ blonde လေးဆိုးလိုက်တာ။ မကြိုက်ဘူးလားဟင် "
ŞİMDİ OKUDUĞUN
» Short Stories in my Mind « || KM ||
RastgeleKookmin One Shots Collection ( Unicode + Zawgyi )