I Don't Know You Yet

1.3K 213 4
                                    

I Don't Know You Yet // KM oneshot

Oops! Bu görüntü içerik kurallarımıza uymuyor. Yayımlamaya devam etmek için görüntüyü kaldırmayı ya da başka bir görüntü yüklemeyi deneyin.

I Don't Know You Yet // KM oneshot

(( ဒါဟာစိတ်ကူးယဉ်စာတစ်ပုဒ်မို့လို့ စာ‌အနေနဲ့ပဲဖတ်ပေးစေချင်ပါတယ်။ အပြင်မှာဒါမျိုးတွေတကယ်ရှိမရှိ ကိုယ်လည်း မသေချာပါဘူး။ ))

ရှစ်နှစ်တိတိရှိခဲ့ပြီ.....
အိပ်မက်ထဲမှာ သူတစ်ယောက်တည်းကိုပဲ ပုံသေမြင်မက်နေခဲ့တာ။

" အားလုံးတာဝန်ကျေပါတယ် ! "

လွန်ခဲ့တဲ့ ရှစ်နှစ်.....
Solo artist တစ်ယောက်အနေနဲ့ပွဲဦးထွက်ခဲ့ပြီး အောင်မြင်မှုတွေတစ်ထောကြီးရရှိခဲ့တယ်။ Industry တစ်ခုလုံးတုန်လှုပ်သွားစေလောက်တဲ့အထိ စစချင်းမှာတင်အောင်မြင်မှုတွေရရှိခဲ့တာ။ အသက် ၁၅ နှစ်နဲ့ပွဲဦးထွက်ခဲ့ပေမယ့် ငယ်ရွယ်တဲ့အရွယ်မှာတင် အားလုံးကိုပြားပြားဝပ်သွားအောင် အနိုင်ယူပြနိုင်ခဲ့တယ်လို့ပြောရမလား။

" ဒီနေ့တော့ စောစောအိပ်ရမယ် "

ပွဲဦးထွက်ပြီးမှ ရင်ဘတ်ထဲကအလုံးကြီး ကျသွားတော့တယ်။ နေ့နေ့ညည ပွဲဦးထွက်ရပါ့မလားဆိုတဲ့ အတွေးတွေကြောင့်အိပ်မပျော်ခဲ့ရတာတွေ၊ လူတွေသဘောကျကြပါ့မလားဆိုပြီး တွေးပူရင်းမအိပ်မနေ ကြိုးစားခဲ့ရတာတွေ၊ တစ်နေ့‌တစ်နေ့ အိပ်ချိန် စားချိန်ထက် လေ့ကျင့်ချိန်ကိုပိုဦးစားပေးခဲ့ရတာတွေကြောင့် အခြေအနေတွေအဆင်ပြေလာတဲ့အခါမှာ အိပ်ဖို့ကိုပဲအဓိကထားမိတော့တယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်မှာပါ။

အဲ့နေ့ညကစပြီး အိပ်မက်ထဲမှာကောင်လေးတစ်ယောက်ပါလာတယ်။ ကောင်လေးက ရယ်လိုက်ရင် အလိုလိုပိတ်သွားတဲ့ မျက်လုံးလေးတွေရှိတယ်၊ ပါးမို့မို့လေးတွေရှိတယ်၊ နှုတ်ခမ်းလုံးလုံးလေးတွေရှိတယ်။ ပြီးတော့ အဲ့နှစ်တွေတုန်းက ကောင်လေးက အထက်တန်းကျောင်းသားဝတ်စုံလေးကိုဝတ်ထားတယ်။

» Short Stories in my Mind « || KM ||Hikayelerin yaşadığı yer. Şimdi keşfedin