Unicode :
Another Untitled || KM တစ်ခန်းရပ်
လူတွေရဲ့ အတွေးတွေကို ဖတ်နိုင်တယ်။
အင်း မွေးရာပါ အစွမ်းတစ်မျိုးဖြစ်နေတဲ့ တခြားလူတွေရဲ့အတွေးတွေကို သိခွင့်ရတာမျိုးကို တအားသဘောကျတယ်။ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ၊ သိနေရရင်ကို ရပြီ။
အထူးသဖြင့် ဘေးအိမ်ကကောင်လေးရဲ့အတွေးတွေကိုပေါ့။
" အစ်ကို ! ကျောင်းကပြန်လာပြီလား "
" အင်း ဟုတ်တယ် "
စက်ဘီးလေးတစ်စီးနဲ့ မြို့တစ်ပတ်ပတ်ခဲ့ပုံပဲ။ ချွေးသီးလေးတွေနဲ့ မျက်နှာပြင်ခပ်နုနုဟာ တကယ်ကိုကြည့်ကောင်းနေဆဲပေါ့။
ဘေးအိမ်က ကောင်လေးနဲ့ ကိုယ်ဟာ အသက်နှစ်နှစ်တိတိကွာဟတယ်။ သူကအထက်တန်းကျောင်းသားလေးဆို ကိုယ်က တက္ကသိုလ်ကျောင်းသားကြီးပေါ့။
" ရော့ ရော့ ကမ်းနားမှာအစ်ကိုကြိုက်တဲ့ငါးအသားပြားတွေ့ခဲ့လို့ ဝယ်လာတယ် "
စက်ဘီးကို ဒေါက်ထောက်လိုက်ပြီးမှ အိမ်ထဲဝင်တော့မည့်ကိုယ့်ဆီပြေးလာပြီး လက်ထဲအထုပ်လေးတစ်ထုပ်ထည့်ပေးတော့တယ်။
ကောင်လေးရဲ့မျက်ဝန်းဝိုင်းလေးတွေနဲ့ကိုယ့်မျက်လုံးတွေဆုံမိလေတော့ သူ့အတွေးလှလှလေးတွေက ကိုယ့်ခေါင်းထဲမှာဝဲလာရော။
* ဗိုက်ဆာနေမယ်ဆိုတာ သိလို့ * တဲ့။
အပြုံးတွေကလည်း တကယ်ကိုလှပစွာပါပဲ။
အဲ့ကောင်လေးရဲ့ အတွေးလေးတွေက တကယ်ကိုရိုးရှင်းပြီးချစ်စရာလေးပါ။ ကိုယ်မြင်ဖူးနေကျလူတွေလိုမျိုး လူ့ဘောင်အတွင်းမှာရှုပ်ထွေးနေတဲ့အတွေးကွန်ရက်တွေမဟုတ်ပဲ သူ့အတွေးလေးတွေက တကယ်ရိုးရှင်းလွန်းတယ်။
* သကြားလုံးစားချင်တယ် *
* အိမ်ပြန်ရောက်ရင် ဘန်းနဲ့ ကစားရမယ် *
* အောက်ကျသွားတဲ့ချိုချဉ်က သုံးစက္ကန့်အတွင်းကောက်စားနိုင်ရင် အဆင်ပြေပါတယ်*
* လက်သည်းလေးတွေကို ညှပ်ရတော့မှာပဲ *
စသဖြင့်ပေါ့။
![](https://img.wattpad.com/cover/219176350-288-k670675.jpg)
YOU ARE READING
» Short Stories in my Mind « || KM ||
RandomKookmin One Shots Collection ( Unicode + Zawgyi )