Untitled 3

1.3K 99 2
                                    

Unicode :

(( Video နဲ့တွဲဖတ်ပါ ))

Jungkook's Pov : ဒေါက်တာ....ကျွန်တော်ဒီနေ့ အဲ့သီချင်းသံကိုကြားခဲ့ရတယ်။ ကောင်မလေးတစ်ယောက်က အဲ့သီချင်းကိုဆိုနေခဲ့တာ။ ဒေါက်တာ့ကိုပြောဖူးတယ်လေ။ ကျွန်တော့်အိပ်မက်ထဲက ပန်းနုရောင်ဆံပင်တွေနဲ့ကောင်လေးဆိုနေကျသီချင်းလေ။ ပင်လယ်ပြာကိုနောက်ခံထားရင်း သူဆိုပြတဲ့သံစဉ်က သိပ်လှပတယ်။

အဲ့သီချင်းကို ဒီနေ့တွေ့ခဲ့တဲ့ကောင်မလေးကလည်း ဆိုနေခဲ့တာ။ ဒါပေမဲ့ ခံစားချက်ချင်းမတူဘူး။ အိပ်မက်ထဲက ကောင်လေးရဲ့သီဆိုသံကိုကြားရင် ကျွန်တော်ငိုချင်တယ်။ တစ်ဆက်တည်းမှာပဲ ပြောမပြနိုင်အောင်ကို သဘောကျမိတယ်။ ဒီကောင်မလေးရဲ့သီဆိုသံကိုကြားလိုက်ရတဲ့အချိန်မှာတော့ စိတ်ထဲနည်းနည်းခုသွားရတယ်။ ဘာလို့မှန်းလည်းမသိပါဘူး။

သီချင်းပြီးလို့ ကျွန်တော်လှည့်ထွက်ဖို့အပြင်မှာ ကောင်မလေးက ကျွန်တော့်ကိုပြုံးပြနေတယ်။ ပြီးတော့ ကျွန်တော့် ကိုလာမေးတယ်။ " အကိုက ဂျွန်‌ဂျောင်ဂု
မလား " တဲ့။ ကျွန်တော်လည်း ဟုတ်တယ်လို့ဖြေလိုက်တာပေါ့။ အဲ့အချိန်မှာ ကောင်မလေးက ပိုပြီးပြုံးပြတယ်။ ပြီးတော့ ချက်ချင်းပဲ မျက်နှာလေးညှိုးသွားတယ်။

ကျွန်တော့်လက်ထဲကို စာအုပ်လေးတစ်အုပ်လာထည့်ပေးတယ်လေ။ တစ်စုံတစ်ယောက်က ကျွန်တော့်အတွက်ချန်ထားခဲ့တာလို့ပြောတယ်။ အခန်းထဲပြန်ရောက်လာတော့ ဟိုသီချင်းရဲ့စာသားတွေကို အဲ့ note စာအုပ်လေးထဲမှာ အမှတ်မထင်တွေ့ခဲ့ရတယ်လေ။ စာသားတွေကို လက်နဲ့ထောက်ပြီး တစ်ခုချင်းစီလိုက်ဖတ်ကြည့်မိလိုက်တယ်။ ပြီးတော့ ကျွန်တော့်ကိုယ်ကျွန်တော်တောင် သတိမထားမိပဲ ငိုနေခဲ့မိတာ။ ရှိုက်ကြီးတငင်ပါပဲ။

ဒါဆို အဲ့သီချင်းနဲ့ ကျွန်တော်နဲ့‌ ဆက်စပ်မှုများရှိနေမလား။ အိပ်မက်ထဲက ကောင်လေးကရော ဘယ်သူလဲမသိဘူးနော်။ ကျွန်တော် ခဏခဏစဉ်းစားကြည့်မိတယ်။ ဒါပေမဲ့ ဘာမှရေရေရာရာမသိရဘူး။ အိပ်မက်ထဲမှာလည်း သူနဲ့ကျွန်တော်က အလှမ်းဝေးနေသလိုမျိုး ဒေါက်တာရဲ့။ ညတိုင်းနီးပါးမက်တဲ့ ထပ်တူညီတဲ့အိပ်မက်တွေရဲ့ နောက်ဆုံးမှာ သူက ကျွန်တော်လိုက်ဖမ်းလို့
မရအောင် ထွက်ပြေးသွားတတ်တယ်လေ။

@Ivy_Yeon

Zawgyi :

(( Video နဲ႕တြဲဖတ္ပါ  ))

Jungkook's Pov : ေဒါက္တာ....ကြၽန္ေတာ္ဒီေန႕ အဲ့သီခ်င္းသံကိုၾကားခဲ့ရတယ္။ ေကာင္မေလးတစ္ေယာက္က အဲ့သီခ်င္းကိုဆိုေနခဲ့တာ။ ေဒါက္တာ့ကိုေျပာဖူးတယ္ေလ။ ကြၽန္ေတာ့္အိပ္မက္ထဲက ပန္းႏုေရာင္ဆံပင္ေတြနဲ႕ေကာင္ေလးဆိုေနက်သီခ်င္းေလ။ ပင္လယ္ျပာကိုေနာက္ခံထားရင္း သူဆိုျပတဲ့သံစဥ္က သိပ္လွပတယ္။

အဲ့သီခ်င္းကို ဒီေန႕ေတြ႕ခဲ့တဲ့ေကာင္မေလးကလည္း ဆိုေနခဲ့တာ။ ဒါေပမဲ့ ခံစားခ်က္ခ်င္းမတူဘူး။ အိပ္မက္ထဲက ေကာင္ေလးရဲ႕သီဆိုသံကိုၾကားရင္ ကြၽန္ေတာ္ငိုခ်င္တယ္။ တစ္ဆက္တည္းမွာပဲ ေျပာမျပနိုင္ေအာင္ကို သေဘာက်မိတယ္။ ဒီေကာင္မေလးရဲ႕သီဆိုသံကိုၾကားလိုက္ရတဲ့အခ်ိန္မွာေတာ့ စိတ္ထဲနည္းနည္းခုသြားရတယ္။ ဘာလို႔မွန္းလည္းမသိပါဘူး။

သီခ်င္းၿပီးလို႔ ကြၽန္ေတာ္လွည့္ထြက္ဖို႔အျပင္မွာ ေကာင္မေလးက ကြၽန္ေတာ့္ကိုၿပဳံးျပေနတယ္။ ၿပီးေတာ့ ကြၽန္ေတာ့္ ကိုလာေမးတယ္။ " အကိုက ဂြၽန္‌ေဂ်ာင္ဂု
မလား " တဲ့။ ကြၽန္ေတာ္လည္း ဟုတ္တယ္လို႔ေျဖလိုက္တာေပါ့။ အဲ့အခ်ိန္မွာ ေကာင္မေလးက ပိုၿပီးၿပဳံးျပတယ္။ ၿပီးေတာ့ ခ်က္ခ်င္းပဲ မ်က္ႏွာေလးညွိုးသြားတယ္။

ကြၽန္ေတာ့္လက္ထဲကို စာအုပ္ေလးတစ္အုပ္လာထည့္ေပးတယ္ေလ။ တစ္စုံတစ္ေယာက္က ကြၽန္ေတာ့္အတြက္ခ်န္ထားခဲ့တာလို႔ေျပာတယ္။ အခန္းထဲျပန္ေရာက္လာေတာ့ ဟိုသီခ်င္းရဲ႕စာသားေတြကို အဲ့ note စာအုပ္ေလးထဲမွာ အမွတ္မထင္ေတြ႕ခဲ့ရတယ္ေလ။ စာသားေတြကို လက္နဲ႕ေထာက္ၿပီး တစ္ခုခ်င္းစီလိုက္ဖတ္ၾကည့္မိလိုက္တယ္။ ၿပီးေတာ့ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ေတာင္ သတိမထားမိပဲ ငိုေနခဲ့မိတာ။ ရွိုက္ႀကီးတငင္ပါပဲ။

ဒါဆို အဲ့သီခ်င္းနဲ႕ ကြၽန္ေတာ္နဲ႕‌ ဆက္စပ္မႈမ်ားရွိေနမလား။ အိပ္မက္ထဲက ေကာင္ေလးကေရာ ဘယ္သူလဲမသိဘူးေနာ္။ ကြၽန္ေတာ္ ခဏခဏစဥ္းစားၾကည့္မိတယ္။ ဒါေပမဲ့ ဘာမွေရေရရာရာမသိရဘူး။ အိပ္မက္ထဲမွာလည္း သူနဲ႕ကြၽန္ေတာ္က အလွမ္းေဝးေနသလိုမ်ိဳး ေဒါက္တာရဲ႕။ ညတိုင္းနီးပါးမက္တဲ့ ထပ္တူညီတဲ့အိပ္မက္ေတြရဲ႕ ေနာက္ဆုံးမွာ သူက ကြၽန္ေတာ္လိုက္ဖမ္းလို႔
မရေအာင္ ထြက္ေျပးသြားတတ္တယ္ေလ။

@Ivy_Yeon

You've reached the end of published parts.

⏰ Last updated: Apr 11, 2022 ⏰

Add this story to your Library to get notified about new parts!

» Short Stories in my Mind « || KM ||Where stories live. Discover now