Unicode :
" ရှင်သန်ရာ အချိန်ကလေးဝောာ့ မင်းရဲ့အနားနေချင်လို့ပါ။ အတူတူဆို အိပ်မက်တိုင်းက တို့ရဲ့ကမ္ဘာ....."
" ပါပါးက အဲ့သီချင်းအရမ်းနားထောင်တာပဲနော်။ ဟယ်လီသိသလောက်တော့ တစ်နေ့မှာအနည်းဆုံးငါးခါလောက်နားထောင်နေတာ...."
ချက်ပြီးပြုတ်ပြီးလို့ မီးဖိုချောင်အတွင်းရှင်းနေရင်း ဖုန်းလေးထဲကသီချင်းလေးအားဖွင့်နားထောင်နေမိတော့ ချစ်သည်းလေးဟယ်လီက ခါးလေးထောက်ပြီး လာစပ်စုပြန်သည်။
" အင်း ပါပါးကြိုက်လို့လေ "
ဟယ်လီ့ရဲ့ပါးဖောင်းဖောင်းလေးအား မနာအောင်ခပ်ဖွဖွလေးဆွဲလိုက်မိတော့ ငြူစူသံသေးသေးလေးထွက်လာပေမယ့်လည်း ဘာမှတော့ပြန်မပြော။ တစ်ခုခုကိုစဉ်းစားနေသယောင်နဲ့။
" ပါပါးအချစ်ဦးနဲ့ပတ်သတ်နေလား ဟင် ဟင် ! "
ငါးနှစ်အရွယ်ကောင်မလေး ဟယ်လီ့ဆီကနေ အချစ်ဦးဆိုတဲ့စကားလေးထွက်လာတော့ ဂျီမင်းအံ့ဩစွာနဲ့ပဲရယ်ချမိလိုက်တော့သည်။ ချစ်သည်းလေးကလည်း သူ့ကိုရယ်ရပါ့မလားဆိုပြီး နှုတ်ခမ်းကြီးကစူထားသေး။ မနိုင်ဘူး မနိုင်ဘူး။
" ကဲ လာပါဦး။ ပါပါးအချစ်ဦးအကြောင်းနားထောင်မလား ချစ်သည်း "
" ဟုတ် !! "
ချစ်သည်းလေးအား ကောက်ချီလိုက်ရင်းပါးမို့မို့လေးကို အသည်းယားစွာမွှေးကျူလိုက်ပြီးမှ အိမ်ရှေ့ကဆိုဖာမှာ အကျအနနေရာယူလိုက်တော့သည်။
" အင်း.....ပါပါးအချစ်ဦးက ချိုချဉ်တွေအရမ်းကြိုက်တယ် "
- ရားး အောက်ကျပြီးသားလေကွာ။ ငါပြန်ဝယ်ကျွေးပါ့မယ်ကွ။ ကောက်စားမနေနဲ့ -
VOUS LISEZ
» Short Stories in my Mind « || KM ||
AléatoireKookmin One Shots Collection ( Unicode + Zawgyi )