Unicode :T h e T r u t h U n t o l d >> T h e M a s k <<
O n e S h o t ♡
((The Truth Untold ရဲ့နောက်ခံ story လေးကို အခြေခံပြီးရေးထားတာကြောင့် တခြားတခြားသော Author တွေရေးထားပြီးခဲ့တဲ့ fic တွေနဲ့ ဆင်ကောင်းဆင်နိုင်ပါတယ်။ ))
1500s - 1600s in a small city called Smeraldo
" သူက အဲ့ရဲတိုက်ကြီးထဲမှာပဲ ပိတ်လှောင်ခံထားရတာတဲ့။ သူ့ရဲ့ ခမည်းတော် နဲ့ မယ်တော် ကလည်းအသတ်ခံလိုက်ရတာတဲ့။ သူ့ကိုတော့မသတ်ပဲနဲ့ အဲ့ရဲတိုက်မှာပဲ ကျိန်စာတိုက်ပြီးပိတ်လှောင်ထားခဲ့တာတဲ့။ "
" သူက ဘာလို့ အဲ့လိုခံရတာလဲ..."
" သူက အရင်တုန်းကဆို အရမ်းကိုဆိုးတာလေ..အဆင့်တန်းနိမ့်တဲ့လူတွေဆိုရင် အရမ်းနှိပ်စက်တာ...သူ့ကိုယ်သူအရမ်းအထင်ကြီးတာလေ အဲ့တော့ သူ့ရဲ့နှိပ်စက်တာကိုခံရတဲ့လူတွေက အငြှိုးနဲ့လက်စားချေကြတာလေ...."
" ဟင်...သနားပါတယ်..."
" သူက အရမ်းကိုချောတာတဲ့...ဒါပေမယ့် အခုတော့ မျက်နှာဖုံး ကြီးနဲ့ပဲ ဘယ်သူမှမမြင်နိုင်အောင်ဖုံးထားရတယ်....သူ့မျက်နှာကိုသာ တခြားသူစိမ်းမြင်သွားရင် သူကချက်ချင်းနှလုံးရပ်ပြီးသေသွားနိုင်တဲ့ကျိန်စာရှိလို့လေ....အကယ်၍ သူ့ကိုမြင်လိုက်တဲ့လူက သူ့ရဲ့ဖြစ်တည်မှုကိုလက်ခံပြီး သူကိုယ်တိုင်က အမှန်တကယ်ချစ်ခင်ယုံကြည်စိတ်ထားရှိလိုက်မယ်ဆိုရင် ကျိန်စာက အစွမ်းမရှိဘူး။ အဲ့လူဆီက နွေးထွေးတဲ့အနမ်းရခဲ့ရင် ကျိန်စာက ပျက်တောင်ပျက်နိုင်တယ်..."
ဂေါက် !
ဆိုင်ဖွင့်တာက်ိုအကူအညီမပေးပဲ ညီဖြစ်သူနဲ့လာပြီး မဟုတ်တရုတ်တွေလာပြောနေတဲ့ သူငယ်ချင်းဖြစ်သူ Taehyung အား ရေခွက်နဲ့တစ်ချက်ခေါက်လိုက်သည်။
VOCÊ ESTÁ LENDO
» Short Stories in my Mind « || KM ||
DiversosKookmin One Shots Collection ( Unicode + Zawgyi )