Unicode :
Last Chance For Romance ( Kookmin Oneshot )
" Hyung.....တစ်ခုခုစားပါဦးကွာ။ ဒီလိုကြီးပဲနေနေရင် hyung ပဲ ရောဂါပိုထူမှာ "
တစ်ခန်းလုံးကို အမှောင်ချထားပြီး ဖွင့်ထားတဲ့ ပြတင်းပေါက်ရဲ့ ဘောင်လေးပေါ်မှာ တစ်ကိုယ်လုံးတက်ထိုင်ရင်း အပြင်လောကကြီးကိုငေးနေရှာတဲ့ hyung....
Hyung က သွေးကင်ဆာနောက်ဆုံးအဆင့်ရောဂါသည်ပါ။ သူ့အခြေအနေသူသိလိုက်ရပြီးကတည်းက အရာအားလုံးကို အရှုံးပေးပစ်လိုက်တာ လေးလလောက်ရှိချေပြီ။ သူအချစ်ရဆုံး လူသားဖြစ်တဲ့ ကျွန်တော့်ပြောစကားတောင် နားမထောင်ပဲေပါ့။ အတင်းအကြပ်လုပ်ရင်လည်း အမြဲသူ့ကိုယ်သူ သတ်သေဖို့ကြိုးစားတယ်။ လက်မှာဆို ဓားအမွှန်းရာတွေချည်း.....
" မစားချင်ဘူး ဂျောင်ဂု.... "
" Hyung ကလည်း မနက်လည်းမစား နေ့လည်လည်းမစား။ ဆေးလည်းမသောက်။ ဆေးလည်း မကု။ မောင် hyung ကို ချစ်လို့အလိုလိုက်ထားတာတွေ မှားပြီထင်ပါတယ်ဗျာ "
တစ်ယောင်တည်း ညည်းတွားရင်း ကြမ်းပြင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်ချလိုက်တော့ hyung က ပြတင်းပေါက် ဘောင်ပေါ်မှာ ထိုင်နေရင်းကေန ဆင်းလာပြီး သူ့ဘေးမှာ လာထိုင်သည်။
" မောင်ကလည်း...."
အရိုးသာရှိတော့သော လက်လေးနဲ့ ဂျောင်ဂုပါးလေးကို အုပ်ကိုင်ရင်း ချော့မြူပြန်သည်။
" Hyung ပြောတော့ မောင့်ကိုချစ်တယ်ဆို။ ဘာလို့များ.... "
" အစကတည်းက မျှော်လင့်ချက်မရှိတော့တာကို ကုသနေလည်း အပိုပဲလေ။ မောင်ပဲ ပိုက်ဆံတွေအပိုကုန်မှာသိလား "
အားအင်ချိနဲ့နေပြီဖြစ်တဲ့ hyung က လေသံခပ်အေးအေးနဲ့ပြောလာတော့ ဂျောင်ဂုတစ်ယောက် ဘာလုပ်နိုင်တော့မှာလဲ။ လွန်ခဲ့တဲ့လေးလ ၊ သူ့အကြောင်းသူသိခဲ့တဲ့ အချိန်တုန်းကဆို ဂျောင်ဂုရော သူပါ စိတ်ဆင်းရဲရင်း အချိန်တိုင်းနီးပါး ငိုခဲ့ရတာ။
" ဒါပေမယ့်ကွာ။ မောင်က hyung ရဲ့ အမျိုးသားလေ။ hyung အတွက်ဆို မောင်ဘာမဆိုလုပ်မယ် "
" မောင် အဲ့စကားတွေပြောနေလည်း ငါက စိတ်ပြောင်းခဲ့လို့လားကွာ။ လေကုန်တာပဲ အဖက်တင်မယ် အဟွတ် အဟွတ် ! "
VOUS LISEZ
» Short Stories in my Mind « || KM ||
AléatoireKookmin One Shots Collection ( Unicode + Zawgyi )