Unicode :
အခုက December လ ရဲ့ 24 ရက်မြောက်နေ့လေးပေါ့။ Andora လို့ခေါ်တဲ့ မြို့ငယ်လေးမှာလည်း ဒီချိန်လောက်ဆို တစ်လောကလုံး ဖြူဖွေးနေလောက်ပြီ။ Andora မြို့လေးမှာက ဆောင်းရာသီမဟုတ်တဲ့ တခြားရာသီတွေမှာတောင် ဆောင်းလေတွေအမြဲတိုက်ခတ်တတ်ပြီး ဆီးနှင်းတွေလည်း နည်းနည်းစီကျတတ်တာလေ။ ခုလို ဆောင်းရာသီဆိုရင်တော့ တကူးတကအပြင်ထွက်ကြည့်နေစရာကိုမလိုတာ။ မြင်ကွင်းတစ်ခုလုံး အဖြူရောင်တွေနဲ့ပဲ ဖုံးလွှမ်းနေမှာသေချာတယ်။
" ဂျောင်ဂုရေ....မင်းအန်တီလေးကို ကိတ်မုန့်တွေဖုတ်တာ ဝိုင်းကူပေးလိုက်ဦးဟေ့ ! "
အအေးဒဏ်ကြောင့် မီးလင်းဖိုကိုအပူပိုရအောင်၊ မီးပိုတောက်အောင် ထင်းတွေထပ်ထည့်နေတဲ့ ဂျောင်ဂုတစ်ယောက် ဦးငယ်လေးရဲ့အသံကြားမှ လက်ထဲကထင်းချောင်းကြီးကို မီးလင်းဖိုကြီးထဲနောက်ဆုံးအနေနဲ့ထည့်လိုက်ပြီးမှ ထထွက်လာခဲ့သည်။
" အန်တီလေး၊ ကျွန်တော်ကူပေးမယ် "
" အေး ကျေးဇူး ဂျောင်ဂုလေးရေ.... "
အန်တီလေးခမျာ မနက်ခင်းအစောကြီးကတည်းက ခုနေ့လယ်လောက်ထိ ကိတ်မုန့်ဖုတ်တဲ့နားကနေ တစ်လှမ်းမှမရွေ့ရလောက်သေးဘူး။ မနက်ဖြန်က Christmas နေ့ဆိုတော့ ဒီနေ့လောက်ကတည်းက အားလုံးပြင်ဆင်ထားရပြီလေ။ ညကျရင်လည်း ပျော်ပွဲရွှင်ပွဲတွေစလုပ်ပြီဆိုတော့ အန်တီလေး မီရာက မြို့သူမြို့သားတွေကိုဧည့်ခံဖို့ အချိုပွဲအနေနဲ့ ကိတ်မုန့်ကိုတာဝန်ယူထားရသူမို့ မနက်အစောကြီးကတည်းက လုပ်နေရတာ။
" ဂျောင်ဂု..... သား အဆင်ပြေတယ်မလား "
ဒေါ်လေးမီရာက ကိတ်မုန့်တွေပေါ်မှာ cream တွေလိုက်ဖြည့်နေရင်းနဲ့မှ သူ့ဘက်ကိုစိုးရိမ်တကြီးကြည့်ရင်းမေးလာသည်။ အော် သူဘာဖြစ်ရမှာတုန်း။
" အဆင်ပြေပါတယ် အန်တီလေးရဲ့။ သားက ဘာဖြစ်ရမှာတုန်း "
ချက်ချင်းကြီးမေးခွန်းထုတ်လာတဲ့ အန်တီလေးမီရာကြောင့် ဂျောင်ဂုကလည်း ပြောင်ချော်ချော်နဲ့ပြန်ဖြေလိုက်ပြန်သည်။ လူကိုများ ထူးထူးဆန်းဆန်းနဲ့။
ESTÁS LEYENDO
» Short Stories in my Mind « || KM ||
De TodoKookmin One Shots Collection ( Unicode + Zawgyi )