Unicode :
The One That Got Away // KM oneshot
( သီချင်းလေးနားထောင်ပြီးဖတ်ရင် ပိုကောင်းမယ်ထင် )
မှတ်မိသေးတယ်.....
အထက်တန်းပြီးခါစ နွေရာသီမှာသူနဲ့စတွေ့ခဲ့တယ်။
__________" သား ဂျီမင်းရေ။ ရောက်လက်စနဲ့ သားအခန်းထဲက ပုံးတွေတစ်ခါတည်းယူသွားတော့။ ဖုန်တက်နေပြီကို "
ဂျီမင်း အပေါ်ထပ်ကုတ်အင်္ကျီကိုချွတ်ရင်း အခန်းထဲသို့ဝင်လာခဲ့သည်။ သူလာမည်ဆိုသောကြောင့် မေမေရှင်းထားပေးပုံရသည်။ အခန်းထဲ သပ်သပ်ရပ်ရပ်လေးဖြစ်နေပြီး ဖုန်နံ့လည်းနံမနေခဲ့ပါ။ အိပ်ရာခင်းအသစ်ခင်းထားပါသော ကုတင်ပေါ်သို့ ခြေပစ်လက်ပစ်ပင် သူလှဲချပစ်မိလိုက်သည်။
တစ်ဦးတည်းသော အဘွားရဲ့နာရေးကြောင့်သာ သူဒီအိမ်ကိုပြန်လာခဲ့ခြင်း။ ထွက်သွားပြီး ခုနစ်နှစ်တာအတွင်း အိမ်လွမ်းတဲ့စိတ်နည်းနည်းလေးတောင်ရှိမနေခဲ့ပါ။ မရှိနေအောင် သူထိန်းချုပ်ခဲ့တယ်လို့ပဲပြောရမလား။ စိတ်လွတ်သွားရင် အိမ်လွမ်းတဲ့စိတ်ထက် တစ်စုံတစ်ယောက်ကြောင့် နှလုံးသားတစ်ခုလုံးနာကျင်ရတာက ပိုပြီးခံရခက်သည်။
" သား မေမေပြောတာကြားလား "
အခန်းဝထိရောက်လာရင်း လာပြောသောမိခင်ဖြစ်သူကြောင့် သူခေါင်းအသာညှိတ်ပြရင်းသာ လှဲနေရာက ထထိုင်လိုက်ရသည်။ မေမေကလည်း သက်ပြင်းချလျက်နဲ့ပဲတံခါးပိတ်ပေးပြီး ပြန်ထွက်သွားသည်။ သူသည်လည်းပဲ လေးပင်နေသောခြေလှမ်းများနဲ့ အရင်ကပစ္စည်းတွေစုသိမ်းထားသော ပုံးများဘက်သို့ရောက်လာခဲ့သည်။
" ဘာမှဖုန်မတက်တာကို....."
မိခင်ဖြစ်သူအား ပွစိပွစိနဲ့ပြောရင်းနဲ့ပဲ တစ်ပုံးပြီးတစ်ပုံးဖွင့်ကြည့်ရင်း ယူသွားမယ့်ပစ္စည်းတွေနဲ့ ပစ်လိုက်မယ့်ပစ္စည်းတွေဆိုပြီးထိုင်ခွဲနေမိသည်။
ငယ်ငယ်ကကျောင်းတက်တုန်းဝတ်ခဲ့တဲ့ ဆွယ်တာလေးတွေ၊ note စာအုပ်သေးသေးလေးတွေ၊ ဦးထုပ်အချို့နဲ့ ဓာတ်ပုံအယ်ဘမ်လေးတွေလည်းပါနေသေးတာမို့ သူသေချာထုတ်ကြည့်ရင်း ယူသွားမယ့်ပုံးအသစ်ထဲသို့သာ ပြောင်းထည့်နေမိသည်။
YOU ARE READING
» Short Stories in my Mind « || KM ||
RandomKookmin One Shots Collection ( Unicode + Zawgyi )