Me & He - 20

1.2K 169 53
                                    

"ပုံလေးတွေက အကုန်လှနေတာပဲ
အဲ့တာကြောင့် နင်နဲ့ပဲ  အလုပ်လုပ်ချင်တာ
အကုန် အိုကေ ဆိုပြေနေလို့ အဟီးဟီးးး"

မီဆို သည် ပိုစ့်အမျိုးမျိုးပေးကာ မိမိုက်
နေသော သူမ၏ဓာတ်ပုံများကို စိတ်ကျေနပ်
မှုအပြည့်နှင့် တစ်ပုံပြီး တစ်ပုံ မရိုးနိုင်လောက်သည်အထိ အပြန်ပြန်အလှန်လှန် ကြည့်နေလေသည် ထို့နောက်

"ဒီပုံလေးအလှဆုံးပဲ အဲ့တာကို SNS ပေါ်တင်ရမယ် !!!"

"အဲ့တာဆို ကျန်တဲ့ ပုံတွေ က မလှဘူးဆိုတဲ့ သဘောပေါ့"

မီဆို့ ကို မျက်စောင်းထိုးကာ  မျက်နှာကို မဲ့ရွဲ့ပြီး မေးခွန်းမေးလိုက်တော့ သူမ ၏ မျက်နှာထက်တွင် အားနာမှုအရိပ်အယောင်အပြည့်ဖြင့်
ကျတော့်အား ပျာပျာသလဲ လှည့်ကြည့်လာပြီး

"အယ် အဲ့လိုမဟုတ်ပါဘူးဟယ် ၊ ဒါလေးက
ငါ သဘောအကျဆုံးပုံလေးမလို့ တင်မှာ
Hastag နဲ့ တင်မယ်လေ #Taehyung ဆိုပြီးတော့"

"ဟာ ! နင်ကတော့‌နော် ! !!!!!"

Kim Taehyung ၏ ချိုသာလှသော အသံ
စူးစူးကြီးကြောင့် မီဆို တစ်ယောက် ရင်ဘတ်လေးကို ဖိကာ နှိပ်ကာ ကြောက်ဟန်ဆောင်ပြပြီး
တဟားဟားရီပြနေသည်မှာ ရိုက်သတ်ပစ်ချင်စရာ

"ဟားးဟားး စတာပါ Kim Taehyung ရယ်
ငါဘယ်တုန်းကအဲ့လို သုံးဖူးလို့လည်း
#Vante လို့ပဲ သုံးဖူးတာကို"

"နောက်တစ်ခါ အဲ့လို စရင် နင့်ကို ဘယ်တော့မှ
ဓာတ်ပုံမရိုက်ပေးတော့ဘူးနော် မီဆို !"

"အမလေး အဲ့လိုတော့ မလုပ်ပါနဲ့ဟယ်
Company က ငါ့ကို ဓာတ်ပုံဆရာအများကြီးနဲ့
ချိတ်ပေးတာကို ငြင်းပြီး နင်နဲ့တောင် လာရိုက်တဲ့ဟာကို"

သူပြောတာလည်း ဟုတ်တော့ဟုတ်သည် မီဆို သည် ထိုသို့လည်း ချစ်ဖို့ကောင်းသောသူငယ်ချင်းမ ဖြစ်၏
သူမ၏ Company က အကောင်းဆုံးဓာတ်ပုံဆရာများနှင့် မည်မျှပင် ချိတ်ပေးသော်လည်း သူမ သည် အကြိမ်တိုင်းငြင်းကာ လုံး၀လက်မခံပဲ ကျတော် နှင့်သာ အလုပ်တွဲလုပ်သည်

ကျတော် က ထိုအရာကို အားနာသည်မို့ ငြင်းရင်တောင် လက်ရှ်ိဈေးထက် ပိုက်ဆံတွေ ပိုပေး ကာ ဓာတ်ပုံအတင်းရိုက်ခိုင်းကာ  အလုပ်လုပ်ခိုင်းသော သူမပါလေ
အကြောင်းအရင်းကတော့ နှစ်လရှည်စွာ ကွဲကွာနေသော ဒယ်ဂူ မှ  ငယ်သူငယ်ချင်း
ဖြစ်သည်မလို့ သူမအတွက် ပြောရဆိုရ
လွယ်ကူပြီး အလုပ်လုပ်သည့်အခါမှာ
လည်း အချုပ်အနှောင်မရှိ ပိုလွတ်လပ်သည်တဲ့

𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )Where stories live. Discover now