ယနေ့ Canteen မှာ ထူးထူးခြားခြား သူငယ်ချင်းသုံးယောက် စုမိကြလေသည်
"ဘာ... အဲ့တာဆို မင်း ထယ်ယောင်း ကို တကယ်ကြီး ဖွင်ပြောလိုက်တာပေါ့ ဟုတ်လား ဟိုဆော့"
"တကယ်ပါဆိုကွာ ဘာလို့ ခဏခဏလာမေးနေရတာလဲ"
"ဟို က မင်းကို လက်မခံဘူးဆိုတာ တကယ်လား"
"အဲ့တာလည်း တကယ်ပါဆို ဂျောင်ကုရာ
မင်းတို့အတွဲကလေတကယ်ပါပဲ ဘယ်နှခေါက်လဲ
ပြန်မေးနေကြလဲမသိပါဘူး""မယုံကြည်နိုင်လို့ပါ...."
"ဟူးး ဘာမှမယုံမကြည်ဖြစ်မနေနဲ့ အဲ့တာ တကယ်ဖြစ်သွားခဲ့တာ
ဒါနဲ့ ဂျောင်ကု.... မင်း ပြောတော့ သူငါ့ကို လက်ခံမှာပါဆို
အခုက လက်မခံတဲ့အပြင် မယုံသင်္ကာပုံစံနဲ့တောင် ငါ့ကိုလှောင်သွားသေးတယ်""အေး....ငါလည်း သူလက်ခံမယ်လို့ပဲထင်တာပေါ့
ပြီးတော့ မင်းတို့ နှစ်ယောက် အတူတူရှိနေကြတဲ့
နှစ်ပေါင်းကလဲနည်းမှမနည်းတော့ပဲ
သူလည်းမင်းလိုပဲလို့ထင်လို့ပေါ့""ဒါမှမဟုတ် ဟိုဆော့....မင်း ထယ်ယောင်းကို အိပ်ဆေး ခတ်ပြီး အပိုင်သိမ်းချင်လား"
"ဟာ....အဲ့တာကြီးကတော့...."
"ဂျီမင်း ပြောသလို လုပ်သင့်ရင်လည်း လုပ်ရမှာပဲလေမင်း သူ့ကိုချစ်တယ်မလား"
"ချစ်တာကတော့ ချစ်တာပေါ့ဟ ဒါပေမယ့်
အဲ့လိုနည်းသုံးလိုက်ရင် သူ ငါ့ကို မုန်းသွားလိမ့်မယ်
ငါက တခြားနည်းနဲ့ကြိုးစားကြည့်ချင်တာ""အေး....မင်း အရိုးစုဖြစ်တဲ့အထိသာထိုင်စောင့်နေလိုက်
ဘာမှမလုပ်ရှားရင် ဘာမှမဖြစ်ဘူးနော်
ဟိုနည်းလမ်းစဉ်းစားမယ်ဘာမယ် လုပ်မနေနဲ့""စိတ်တွေမွန်းကြပ်လာပြီကွာ...."
"ဒီနေ့ ထယ်ယောင်း Daegu က ပြန်ရောက်မှာမလား"
"အေး....ငါ ဒီနေ့ ကျောင်းလာတာ သူ့ကိုတောင်
မစောင့်ဘူး တမင် အိမ်ကနေစောထွက်လာခဲ့လိုက်တာ""ဟေ့ကောင်တွေ!!!!"
"ဟာ....ပြောရင်းဆိုရင်းနဲ့ မင်းလူက အသက်ရှည်ပါအုံးမယ်"
YOU ARE READING
𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )
Fanfictionအချစ်ဆုံးသူငယ်ချင်း ဆိုတဲ့ ဘောင်တစ်ခုအလွန်ကိုရောက်ပြီးမှ နောက်ဆုံးတော့ ငါတို့နှစ်ယောက်ဟာ အရင်းနှီးဆုံးသူစိမ်း တွေအဖြစ် ~ အချစ်ဆုံးသူငယ်ချင်း ဆိုတဲ့ ဘောင်တစ်ခုအလွန်ကိုရောက်ပြီးမှ နောက်ဆုံးတော့ ငါတို့နှစ်ယောက်ဟာ အရင်းနှီးဆုံးသူစိမ်း တွေအဖြစ် ~ Startin...