Me & He -14

1.1K 199 24
                                    

ဒီနေ့တော့ ပထမဆုံး Company သွားမယ့်
ရက်ဖြစ်သဖြင့် Jung Hoseok တို့ အလွန်အမင်း
စိတ်လှုပ်ရှားနေသည်ဖြစ်၏

အနောက်တိုင်း၀တ်စုံ နှင့် Necktie ကိုလည်း
ကြည့်ကောင်းအောင်ပြင်၀တ်‌နေ သည်မှာ
5 ခေါက်ထက်မနည်းဖြစ်နေပြီ

သို့သော်လည်း ထိုအရာတွေကို သူ ဂရုမစိုက်
အားပါ
သပ်သပ်ရပ်ရပ်ဖြစ်အောင်သာအမြန်ပြင်ဆင်လိုက်ပြီး မှန်တစ်ချက်ကြည့်လိုက်ကာ-

"အင်း ဒီလောက်ဆိုရပါပြီ"

မနက်စာထမင်းဝိုင်းတွင် ရောက်နှင့်နေသော
အန်တီဆူး နှင့် Taehyung ကိုမြင်တော့
အမြန်ပြေးသွားလိုက်ပြီး ထယ်ယောင်း ဘေးက
ခုံ၌၀င်ထိုင်လိုက်သည်

"မောနင်းပါ အန်တီဆူး
မောနင်း Taehyung "

"အင်း..."

"မောနင်းပါ Hoseok ရေ ဘယ်လိုလဲ ဒီနေ့အလုပ်တတ်ရမှာဆိုတော့က..."

"အမှန်တိုင်းပြောရရင် ကျတော် အရမ်းစိတ်လှုပ်ရှားနေတယ်"

"အမလေး အန်တီလည်းပါမှာပဲကို
အဲ့လောက်ကြီး စိတ်လှုပ်ရှားမနေပါနဲ့"

"ဟုတ်..."

ကျတော် သူ့မိဘရဲ့ အလုပ်ခွင်ကို စသွား တဲ့နေ့မှာ Taehyung လည်းလိုက်ခဲ့ရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ

"Taehyung မင်းလည်းအားနေတယ်ဆိုရင်
လိုက်ခဲ့ပါလားကွယ်
Hoseok လေး ပထမဆုံး Company သွားမယ့်ရက်မလို့ခေါ်တာပါ"

သို့သော်လည်း Taehyung က ကျတော့်ဘက်ကိုလှည့်ကာ ပိုရန်ကောဟူသည့်အကြည့်ဖြင့်
ကြည့်ရင်း-

"မလိုပါဘူး မေမေရာ အလုပ်သွားတာပဲ
သား လိုက်စရာလိုလို့လား ပြီးတော့ သား က
အဲ့လုပ်ငန်းတွေလည်းစိတ်၀င်စားတာမဟုတ်ဘူး"

"ဟဲ့ မင်း စိတ်မ၀င်စားတာငါသိတယ်
ဒါပေမယ့်လည်း လိုက်ခဲ့ပြီး ခဏလေးပဲနေလိုက်ပြီးရင်ပြန်လိုက်ပေါ့ "

"ဒီနေ့ သားလည်းမအားဘူး"

Hoseok ကတော့ တစ်ခွန်းမျှပြန်မပြောဘဲ Taehyung ပြောစကားများကို မုန့်စားရင်းဖြင့်သာ နားထောင်နေ၏

"မအားရအောင် မင်း က ဘယ်သွားမလို့လဲ"

"ကျတော် အသိထဲက ဓာတ်ပုံဆိုင်တွေကို လိုက်စုံစမ်းပြီး တစ်ခါတည်း အလုပ်၀င်မလို့"

𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )Where stories live. Discover now