အိမ်အပြန်လမ်းမှာ ဖနောင့်နဲ့တင်ပါး တစ်သားတည်း
ကျအောင် ပြေးခဲ့ရလို့လားမသိ
ကျတော့် ရင်ခုန်သံတွေကလည်း အတိုင်းအဆမဲ့
ဗလောင်ဆူလို့ရှက်စိတ်က အခုမှပင်အသက်၀င်လာသည့်
ပုံပေါ်သည်
ထိုစိတ်နှင့် အိမ်ပြန်ရောက်တော့ လည်း အလွဲလွဲအချော်ချော်ဖြစ်"အာ့..... သေပါပြီ ငါ့ခြေထောက်"
"ဒီကလေးနှယ်.... စားပွဲခုံတောင် မမြင်ပဲ ၀င်တိုက်မိရသလား"
"သားမမြင်မိလိုက်လို့ပါ မားမားရယ်"
"ဒါနဲ့နေပါအုံး ဒီနေ့အိမ်ပြန်လာတာ နောက်ကျလှ
ချည်လား""ဟုတ်တယ် မားမား.....ဟို ကျတော် သူငယ်ချင်းတွေနဲ့ မုန့်ခဏ သွားစားနေလို့"
"ဘယ်သူလဲ Taehyung တို့နဲ့လား"
"မဟုတ်...မဟုတ်ဘူး မားမား"
"အေးအဲ့တာဆိုလည်း အပေါ်မြန်မြန်တက်ပြီး ရေချိုးတော့ ထမင်းစားပွဲမှာစောင့်နေမယ်"
"ဟုတ်......မားမား"
အခန်းထဲရောက်တော့ ချက်ချင်း ကုတင်ဆီပြေးသွားလိုက်ကာ ပစ်လှဲပလိုက်၏
" ဟူးးး အခုမှ နေရတာ အသက်ရှုချောင်ပြီး နည်းနည်းလွတ်လပ်သွားသလိုပဲ"
ဒါကျတော့်ရဲ့ သီးသန့်နေရာလေး
ကျတော့်ရဲ့ သူနဲ့ပတ်သတ်သမျှကို လွပ်လပ်စွာရင်ဖွင့်နိုင်တဲ့ တစ်ခုတည်းသောနေရာလေး
အခန်းထဲမှာဆိုရင် ကျတော့်ကို စောင့်ကြည့်နေတဲ့
မျက်လုံးတွေလည်းမရှိတော့ဘူး
မင်္သကာဖြစ်လို့ မေးတဲ့ သံသယအမေးတွေလည်း
မကြားနိုင်ရတော့ဘူးလေ
ဒါ့ကြောင့် ကျတော့်ရဲ့ ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ သီးသန့်ကမ္ဘာငယ်လေးထဲမှာပဲ
တဲ့နေရာမှာပဲ ကျတော် ပိုပြီးနေပျော်ပါ၏ရင်ခုန်သံကို လျစ်လျူရှုလိုက်ရင်း
အကြောင်းအရင်းမဲ့ မျက်နှာကျက်ကိုကြည့်နေတုန်း
ကစားကွင်းတုန်းကကိစ္စက မျက်လုံးထဲမှာ ကွင်းကွင်းကွပ်ကွပ်ပေါ်လာသဖြင့်ဒုတ် ဒုတ် ဒုတ်....
တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ အဆက်မပြတ် မြန်လာတဲ့ နှလုံးခုန်သံတွေကို ရှင်းလင်းပြတ်သားစွာ
ပိုကြားလာရပြန်တယ်
YOU ARE READING
𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )
Fanfictionအချစ်ဆုံးသူငယ်ချင်း ဆိုတဲ့ ဘောင်တစ်ခုအလွန်ကိုရောက်ပြီးမှ နောက်ဆုံးတော့ ငါတို့နှစ်ယောက်ဟာ အရင်းနှီးဆုံးသူစိမ်း တွေအဖြစ် ~ အချစ်ဆုံးသူငယ်ချင်း ဆိုတဲ့ ဘောင်တစ်ခုအလွန်ကိုရောက်ပြီးမှ နောက်ဆုံးတော့ ငါတို့နှစ်ယောက်ဟာ အရင်းနှီးဆုံးသူစိမ်း တွေအဖြစ် ~ Startin...