ဆောင်းလေပြေ တဖြူးဖြူးက အသားထဲထိ
စိမ့်ခိုက်တုန်သွားအောင် အေးစက်စွာတိုက်ခတ်တယ်
ဒါပေမယ့် မင်းလောက်တော့ ငါ့အပေါ်မှာ
စိမ်းကားမနေဘူးလမ်းသွားလမ်းလာတွေက Jung Hoseok
ဆိုတဲ့ လူသားထဲက လူသားတစ်ယောက်ဖြစ်တဲ့ငါ့ကို မသိကျေးကျွန်ပြုချင်ပြုနိုင်ကြမယ်
ဒါပေမယ့် သူတို့တွေ မင်းလောက်တော့
ငါ့ကို ဉပေက္ခာမပြုနိုင်ဘူးအချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့တဲ့ အမျှ
ကျတော် နဲ့ သူလည်း ရင်ဘတ်ချင်း တဖြည်းဖြည်းဝေးလာခဲ့တယ်လက်ထပ်ပြီး နှစ်လဆိုတဲ့ အချိန်တောင်
ကုန်ဆုံးတော့မယ်
ကျတော်တို့ နှစ်ယောက်ကတော့ ထိုကာလအတွင်း စကားအခွန်းနှစ်ဆယ်ပြည့်အောင်တောင် မပြောဖြစ်ခဲ့ကြဘူးကျတော်လည်း တဖြည်းဖြည်းနဲ့ Taehyung ရဲ့
ခန့်မှန်းရတဲ့ စိတ်အစုံကို နားလည်အောင်
ကြိုးစားပေမယ့် ဘာထူးခြားမှုမှ ရှိမလာခဲ့ဘူးသူ ကျတော့်ကို မုန်းလား???
ကျတော် မသိဘူး
ဒါဆို သူ ကျတော့်ကို ချစ်လား???
ဒါကတော့ သေချာပေါက် မဖြစ်နိုင်ပါဘူးမေးခွန်းနှစ်ခုကြားမှာ လွန်ဆွဲနေတဲ့ ကျတော့်
ကိုယ်တိုင်ကို က တစ်ခါတစ်လေ အဝေးဆုံးကို
ပြေးထွက်သွားချင်မိတယ်သူ့အပေါ်ထားရှိတဲ့ အတွယ်အတာ ၊ သံယောဇဉ်
နဲ့ ချစ်ခြင်းတရားတွေကို ဖြတ်ချခဲ့ပြီးတော့ပေါ့ဒါပေမယ့် ဘယ်သူသိနိုင်မလဲ
ကျတော့်ရဲ့ နှလုံးသားတစ်စုံက သူ့ဆီမှာပဲ
ကျ ကျန်နေခဲ့ပြီလေဒီတိုင်း ရင်ဘတ်ဗလာနဲ့ပဲ ဘာခံစားချက်မှ
မရှိတော့တဲ့ သူတစ်ယောက်အဖြစ် တည်ရှ်ိသွား
ရင်လည်း ကောင်းသားငါလည်း မပြတ်မသားဖြစ်နေတဲ့ မင်းဆီမှာ
တစ်ခါတစ်လေတော့ မွန်းကြပ်မိတာပေါ့အရင်တုန်းက မင်းတွန်းထုတ်တောင်
မရရတဲ့ နည်းနဲ့ဖက်တွယ်ထားမယ်ဆိုတဲ့
ငါ့ရဲ့ စိတ်ဓာတ်က အခုတဖြည်းဖြည်းနဲ့ အရောင်မှိန်လာပြီ တူပါရဲ့မင်းသာ ငါ့ရဲ့ ရှုပ်ထွေးပြီး မွန်းကြပ်နေတဲ့
ခံစားချက် တွေကို တစ်ခါလောက်
ဖြစ်ဖြစ် ၀င်ကြည့်ပေးဖို့ အရင်ကြိုးစား
ကြည့်ပါ့လား
YOU ARE READING
𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )
Fanfictionအချစ်ဆုံးသူငယ်ချင်း ဆိုတဲ့ ဘောင်တစ်ခုအလွန်ကိုရောက်ပြီးမှ နောက်ဆုံးတော့ ငါတို့နှစ်ယောက်ဟာ အရင်းနှီးဆုံးသူစိမ်း တွေအဖြစ် ~ အချစ်ဆုံးသူငယ်ချင်း ဆိုတဲ့ ဘောင်တစ်ခုအလွန်ကိုရောက်ပြီးမှ နောက်ဆုံးတော့ ငါတို့နှစ်ယောက်ဟာ အရင်းနှီးဆုံးသူစိမ်း တွေအဖြစ် ~ Startin...