Me & He - 24 ( Final )

2.2K 180 19
                                    

"ဒီနေ့ကစပြီး သူတစ်ပါးရဲ့ နှလုံးသားကိုမြင်နိုင်အောင်ကြည့်ပြီး မင်းရဲ့ခံစားချက်တွေကိုလည်း
သေချာလေးဖွင့်ဟပေးလိုက်ပါ"

ဒါ Jimin ဆီမှပြန်လာပြီးကတည်းက နားထဲ
မှာ ထပ်ခါတလဲလဲကြားယောင်မိနေတဲ့
စကားတစ်ခွန်း

"မင်း ဒယ်ဂူကို အပြီးမပြန်ခင် Hoseok ဆီကို တစ်ခေါက်လောက်သွားတွေ့လိုက်ပါလား"

ဘတ်စ်၏ မှန်ပြတင်းကိုမှီ၍ Taehyung သက်ပြင်းချလိုက်သည်
Hoseok ကို သွားတွေ့လိုက်ပါလားတဲ့ ?
ဒါ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ ငါကတောင်
သူ့ဘ၀ထဲကနေ အပြီးအပိုင်ထွက်လာခဲ့တဲ့သူလေ ထပ်ပြီး မျက်နှာပြောင်တိုက်လွန်းရာကျ
မနေဘူးလား

ရုတ်တရက် ကားမှန်ပြတင်းကတစ်ဆင့်
Internet Game ဆိုင်ကို တွေ့လိုက်ရတော့
Taehyung မျက်လုံးများအရည်လဲ့သွားသည်
ဒါ ပထမနှစ်ကတည်းက သူကျောင်းလစ်ပြီး
ခဏခဏသွားဆော့နေကျ ဂိမ်းဆိုင်
သူ့နောက်ကို Hoseok အမြဲတမ်းလိုက်ပြီး ဆော့ပေးနေကျ Game ဆိုင်လေးပေါ့ အဲ့ဒီမှာလည်း အမှတ်တရ တွေ အများကြီးရှိခဲ့တာကို ။

Bus ကနေ ဆင်းလိုက်ရင်း ဉီးတည်ချက်မရှိပါလျက် ခဏလောက် လမ်းလျှောက်ဖို့ပဲ
Taehyung ဆုံးဖြတ်လိုက်တော့သည်
ပြီးရင် Hotel ကို ပြန်ရတော့မယ်လေ ည ၇ နာရီတောင် ကျော်နေပြီ
တကယ်တမ်း Seoul ရဲ့ အငွေ့အသက်တွေကြား
ပြန်ရောက်လာတော့ သူတကယ်နေသားမကျဘူး
ဆိုတာထက် အလွမ်းဒဏ်တွေကို မခံစားနိုင်ခဲ့တာ ၊ နေရာတိုင်းလိုလိုမှာ သူနဲ့ဖန်တီးခဲ့တဲ့ အမှတ်တရတွေ ၊ မီးရောင်အောက်က လမ်းတွေပေါ်မှာ နှစ်ယောက်သား ချန်ခဲ့တဲ့ ခြေရာတွေ

သူနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေက
ရင်ထဲပြွတ်သိပ်နေတာပဲ
ဒါကြောင့်ငါပြောတယ် Seoul ဆိုတာ ငါဘယ်တော့မှပြန်ပြီး ခြေမချတော့တဲ့ နေရာလို့
ဘာဖြစ်လို့ဆိုတော့ ဒါက ငါ့ရဲ့တစ်ခုတည်းသော
အားနည်းချက်မလို့လေ

တွေးရင်းငေးရင်း နှစ်ချို့အလွမ်းအဆွေးသမားလို ဖြေးညင်းစွာ လမ်းလျှောက်လာခဲ့ရင်း
လူတွေအုံနေကြတဲ့ နေရာတစ်ခုကို မြင်လိုက်ရသည်
တဖြည်းဖြည်းနီးကပ်သွားမှ ဂစ်တာတစ်လုံးနှင့်သီချင်းဆိုနေတဲ့သူတစ်ယောက် ကို လက်ခုပ်သံများ ဖြင့် ချီးမြှင့်နေကြခြင်းဖြစ်သည် ။ အများစုကတော့ ထိုသီချင်းဆိုနေသူ၏ ရှေ့တွင်ချထားသော အလှူခံဗုံးလေးထဲတွင် ပိုက်ဆံများထည့်
သွားတတ်၏

𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )Where stories live. Discover now