ကံကြမ္မာ က ဆန်းကြယ်တာလား
ကံကြမ္မာ ကို ဖန်တီးတဲ့သူကပဲ ရက်စက်
တတ်တာလားဘာဖြစ်လို့လဲဆိုတော့ ကျတော်တို့ မျှော်လင့်တောင့်တနေတဲ့အရာတွေကို သူတို့က
ကျတော်တို့နဲ့ အဝေးဆုံးကို ပို့ပစ်တတ်ကြပြီး
ကျတော်တို့ လုံး၀မမျှော်လင့်ထားတဲ့ အရာတွေကိုတော့ မလိုချင်ပါဘူးဘယ်လောက်ပြောပြော
အဲ့ဒီ အခြေအနေတွေနဲ့ နီးစပ်အောင်
တမင်ဖန်တီးပေးနေသလိုပဲမလို့အရင်ကဆို ပြောစရာစကားပေါင်း သောင်းခြောက်ထောင် မကုန်နိုင်ဖြစ်နေတဲ့
ကျတော်တို့ နှစ်ယောက် က အခုတော့ အတူတူရှိတဲ့ အချိန်တွေမှာ ပြောစရာစကားတစ်ခွန်းမှ
ကုန်းကောက်စရာမရှိလောက်အောင် ပျောက်ရှနေသလိုဒီအခြေအနေကြီးကို ကျတော် တကယ်ပဲ
မနှစ်မြို့မိပါ
ကျတော်လိုချင်ခဲ့တာ Taehyung ကို အရင်ကထက် ပိုပြီး ပျော်ရွှင်စေချင်တာလေ
သူ့အနားမှာနေချင်ပြီး သူပျော်ရွှင်စေမယ့်အရာတွေကို ကျတော်တစ်ယောက်တည်းကပဲ
အမြဲတမ်းလုပ်ပေးချင်တာကျတော် က ပိုချစ်တဲ့သူက ပိုပြီးခံစားရတယ်ဗျ
Taehyung မျက်နှာညှိုးနေရင်တောင်
အဲ့တာ ကျတော့်ကြောင့်များလား
ကျတော် တစ်ခုခုလုပ်ပေးလိုက်ရင် သူ
အဆင်ပြေသွားမလားဆိုပြီး
အမြဲစဉ်းစားနေတာကျတော်ကတော့ သူ့ရဲ့လျစ်လျုရှုမှုတွေကို
မခံစားနိုင်လို့ သူ့ကို စကားသွားပြောဖို့ကြံလိုက်တယ်ကြည့်ပါ့လား ဟက်!!!
နောက်ဆုံးတော့ ကျတော့်ကို မြူမှုန်လောက်တောင်ရှိတယ်လို့မထင်တဲ့ သူ့ကို မနေနိုင်မထိုင်နိုင်ဖြစ်ပြီး စကားသွားပြောတာ အမှတ်မရှိတဲ့ ဒီကောင်ပါပဲ"Taehyung မင်း ဒီနေ့ အလုပ်ရှာတာ
အဆင်ပြေလား""အင်း ပြေတယ် မနက်ဖြန်ဆို တန်းပြီး အလုပ်ဆင်းရတော့မှာ"
"အော် ဟုတ်လား ကောင်းသားပဲ အလုပ်ရတာ မြန်လိုက်တာ"
"အင်း ငါ့အသိတစ်ယောက်ရဲ့ဆိုင်မလို့လေ"
"အော်...."
"မင်းကော တော်တော်ပျော်နေတယ်မလား"
YOU ARE READING
𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )
Fanfictionအချစ်ဆုံးသူငယ်ချင်း ဆိုတဲ့ ဘောင်တစ်ခုအလွန်ကိုရောက်ပြီးမှ နောက်ဆုံးတော့ ငါတို့နှစ်ယောက်ဟာ အရင်းနှီးဆုံးသူစိမ်း တွေအဖြစ် ~ အချစ်ဆုံးသူငယ်ချင်း ဆိုတဲ့ ဘောင်တစ်ခုအလွန်ကိုရောက်ပြီးမှ နောက်ဆုံးတော့ ငါတို့နှစ်ယောက်ဟာ အရင်းနှီးဆုံးသူစိမ်း တွေအဖြစ် ~ Startin...