"ဟုတ်ပြီ အဲ့တိုင်းလေးနေမယ်နော် ခေါင်းကိုမော့ထားပါ
1,2,3 .....""ချလက်" ဟူသော အသံထွက်ပေါ်လာပြီးနောက်တွင် Camera မှလည်း မီးတစ်ချက်လင်းသွားလေသည်
"ရပြီ နောက်ပိုစ့်တစ်ခုပြောင်းပေးပါ"
"ဒီလိုလုပ်ပါ့လားဗျာ
သတို့သမီးက သတို့သားပခုံးပေါ်မှီလိုက်
ပြီးတော့ သတို့သမီးပခုံးကို သတို့သားက
လှမ်းဖက်လိုက်""အာ...ဟုတ်တယ် ဟုတ်တယ် အဲ့ပုံစံလေး
မှန်တယ်
အိုခေ ဒါဆို ဓာတ်ပုံရိုက်မယ်နော်
1,2,3 ချလက်"သတို့သားနှင့် သတို့သမီးတို့စိတ်ကြိုက် ဓာတ်ပုံများအား နာရီ၀က်ခန့်ရိုက်ကူးပြီးချိန်မှာတော့
အလုပ်ပြီးသလောက်နီးပါးရှိသွားလေပြီ"ဆိုယောင်း ဒီအကိုနဲ့အမ တို့ကို လိုချင်တဲ့ဓာတ်ပုံ ပုံစံ Size တို့ ဘောင်ခတ်တာမခတ်တာကအစ
အကုန်သေချာမေးပြီး သူတို့အကြိုက်လုပ်ပေးလိုက်ပါ
ပြီးတော့ ဓာတ်ပုံတွေကလည်း နင်ပဲထုတ်ပေးလိုက်နော်""ဟုတ်ကဲ့ပါ အကို Taehyung"
အလုပ်၀င်တာ တစ်ပတ်ကျော်မျှရှိသေးတယ်
ဆိုသော်လည်း ဒီအလုပ်နှင့်အရင်ကတည်းက
အကျွမ်းတ၀င်ရှိလှသည်မလို့ သိပ်မခက်ခဲလှဝါသနာပါသောအလုပ်ကိုလုပ်နေရလျှင် ပျော်သည်ဟုသောစကားအတိုင်း ကျတော်အတွက်လည်း ဓာတ်ပုံရိုက်နေရလျှင်ကို အလိုလိုစိတ်ပျော်နေသည်
"ဘယ်လိုလဲ Taehyung ပင်ပန်းလို့လား"
"မဟုတ်တာပဲ Jin Hyung ရဲ့ ကျတော်အဆင်ပြေပါတယ်
ဒါပေမယ့်.....""အင်း ဒါပေမယ့် ဘာလဲ..."
"ရီတော့ရီရတယ် ဒီနေ့လာတဲ့ နှစ်ယောက်ကလေ
ပိုစ့် မပေးတတ်ဘူးဗျ
တစ်ပုံရိုက်ရင် ပိုစ့်ဘယ်လိုပေးရမလဲဆိုတာ
ကျတော့်မှာ ပြောပြနေရတယ် ဟားးဟားး""ဟုတ်ပါရဲ့ အရင်ကအတွဲတွေဆို ပိုစ့်ပေးကြမ်းလွန်းလို့ Film တွေပါ ခဏခဏကုန်တယ်"
"ဒီလောက်ဆိုရင် မင်းကိုယ်ပိုင် ဆိုင်ဖွင့်လို့တောင်ရနေပြီ"
Jin ထိုသို့ပြောလိုက်ခြင်းကြောင့် Taehyung တစ်ယောက် မျက်နှာမဲ့ရွဲ့သွားပြီး-
YOU ARE READING
𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )
Fanficအချစ်ဆုံးသူငယ်ချင်း ဆိုတဲ့ ဘောင်တစ်ခုအလွန်ကိုရောက်ပြီးမှ နောက်ဆုံးတော့ ငါတို့နှစ်ယောက်ဟာ အရင်းနှီးဆုံးသူစိမ်း တွေအဖြစ် ~ အချစ်ဆုံးသူငယ်ချင်း ဆိုတဲ့ ဘောင်တစ်ခုအလွန်ကိုရောက်ပြီးမှ နောက်ဆုံးတော့ ငါတို့နှစ်ယောက်ဟာ အရင်းနှီးဆုံးသူစိမ်း တွေအဖြစ် ~ Startin...