နေရောင်ခြည်နွေးနွေးလေးက မှန်ပြတင်းပေါက်ကိုဖြတ်ကာ မျက်ခွံပေါ်သို့လာရောက်ကျီစယ်
သောကြောင့် ကျတော် ကုတင်ပေါ်မှာ စောင်အထွေးလိုက်နှင့် လူးလူးလှိမ့်လှိမ့်လုပ်ရင်း
မျက်လုံးများပွင့်လာသည်ဦးနှောက်ထဲကို အရင်ဆုံးရောက်လာသည်က
ထယ်ယောင်းဖြစ်သည့်အတွက် လှဲလျောင်းနေရာမှ ဆက်ခနဲထထိုင်လိုက်ရင်း အိပ်ရာဘေးနှင့်
အခန်းတစ်ဝိုက်ကို လှည့်လည်ကြည့်ကာ မျက်လုံးကစားမိလိုက်တော့ ထယ်ယောင်းကို
တွေ့ဖို့မပြောနှင့် သူနဲ့တူသည့် အရိပ်အယောင်မျှ
တောင် တစ်ခုမှမတွေ့မှန်ပြတင်းပေါက်နားသို့ လေးပင်းစွာ လျှောက်သွားလိုက်ရင်း ပြတင်းပေါက်ကိုဖွင့်လိုက်တော့
မျက်နှာပေါ်နေရာလပ်မကျန်အောင်ကျရောက်လာတဲ့ နေရောင်ခြည်နဲ့အတူ မြေနံ့သင်းသင်းလေးကလည်း နှာခေါင်းထဲသို့
၀င်ရောက်လာ၏ပတ်၀န်းကျင်တစ်ခုလုံးကလည်း စိုစွတ်နေတဲ့အပြင် ခြံ၀င်းထဲမှာရှိတဲ့ပန်းပင်တွေမှာလည်း
မိုးစက်လေးတွေ တွဲလွဲခိုနေတာကို တွေ့ရသဖြင့်မနေ့က မိုးရွာသွားတာလား
ဒါဆို သူ ကကော ဘာကိစ္စတွေရှိနေလို့ ပြန်မလာ
ရတာလည်းကုတင်နားသို့ချက်ချင်းပြန်သွားလိုက်ကာ
ဘေးစားပွဲပေါ်မှာတင်ထားတဲ့ Phone ကို
ဆက်ခနဲဆွဲယူလိုက်ပြီး လက်ချောင်းများကလည်း ဖုန်း Screen ပေါ်သို့ အမြဲရွေ့လျားလိုက်ရင်း Contact တစ်ခုဆီသို့-"Hello"
"Hello ထယ်...ထယ်ယောင်းလား"
"အော် ဟိုဆော့လား ငါ ဂျောင်ကုပါ"
"ဟင် သူ့ Phone က မင်းဆီဘယ်လိုလုပ်...."
"အော် သူ ည ကလေ Bar မှာရုပ်ပျက်ဆင်းပျက်
ကိုမှောက်နေတာ
အဲ့ Bar မှာရှိတဲ့ Manager က ငါတို့နဲ့အသိလေ
ထယ်ယောင်းနဲ့လည်းခင်တယ်
အဲ့တာ သူ့ကိုပြန်ခေါ်ဖို့ ငါ့ကို Phone ဆက်
လိုက်တာ""အဲ့တာများကွာ အိမ်ကိုတစ်ခါတည်းပြန်ပို့လိုက်တာမဟုတ်ဘူး
သူ့အမေ ကော ငါ ကော သူ့ကို တညလုံးစောင့်
နေတာ"
YOU ARE READING
𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )
Fanfictionအချစ်ဆုံးသူငယ်ချင်း ဆိုတဲ့ ဘောင်တစ်ခုအလွန်ကိုရောက်ပြီးမှ နောက်ဆုံးတော့ ငါတို့နှစ်ယောက်ဟာ အရင်းနှီးဆုံးသူစိမ်း တွေအဖြစ် ~ အချစ်ဆုံးသူငယ်ချင်း ဆိုတဲ့ ဘောင်တစ်ခုအလွန်ကိုရောက်ပြီးမှ နောက်ဆုံးတော့ ငါတို့နှစ်ယောက်ဟာ အရင်းနှီးဆုံးသူစိမ်း တွေအဖြစ် ~ Startin...