"ထယ်ယောင်း ထစမ်း...!!!!
ကင်ထယ်ယောင်း!!!! ဒါဘယ်လိုပုံစံတွေဖြစ်နေကြတာလဲ"ကျတော် ရင်းနှီးသော အသံတစ်ခုသည် လေဟာနယ်ကို ဖြတ်ကာ နားစည်အတွင်းသို့
ခပ်ကြမ်းကြမ်း၀င်ရောက်လာခြင်းကြောင့်
ရီဝေပြီး ခပ်နောက်နောက်မူးနေသော ခေါင်းကို ဂရုမပြုမိပဲ မျက်လုံးကိုသာ အားစိုက်၍ အတင်းဖွင့်မိ၏"အာ.... ခေါင်းနောက်လိုက်တာ"
"ကင်ထယ်ယောင်း မင်းအခုချက်ချင်း ထစမ်း!!"
ကျတော့်ကို စကားပြောနေတဲ့သူမှာ
မေမေဖြစ်မှန်းသိသော်လည်း အကြည့်တွေက
ဝေဝါးနေဆဲပင်"အာ.... မေမေ လား ဘာဖြစ်လို့ ကျတော်အခန်းထဲကို အစောကြီး..."
ရုတ်တရက် မျက်နှာပြင်တစ်ခုလုံး ရေနှင့်ပတ်ခံလိုက်ရသဖြင့် အေးခနဲဖြစ်သွား၍ ကျတော်
မျက်စိအတင်းပွတ်ရင်း ကြည့်မိတော့-မေမေ က ခုနက ကျတော့်ကိုရေနှင့်ပတ်လိုက်သည့်ဖန်ခွက်ကို လက်ထဲမှာ ကိုင်ထားသည့်အပြင်အရမ်းကို စိတ်ဆိုးနေသည့်ပုံလည်းပေါက်နေ၏
"မေမေ... ဘာဖြစ်လို့ သားကို ရေနဲ့ပတ်.."
"မင်း အရှက်မရှိဘူးလား"
"ဗျာ"
"ဟင် ကင်ထယ်ယောင်း....နင့် အစား ငါ ရှက်လိုက်တာ ထယ်ယောင်းရယ်"
"မေမေ...သား ဘာလုပ်..."
"မင်း ဘာလုပ်ထားလဲ ကိုယ့်ဘာကိုယ် မသိတော့ဘူးလား ဟမ်!!!"
မေမေ အခုလိုစိတ်တိုနေတာကို ကျတော် ပထမဆုံးအနေဖြင့် မြင်ဖူးတာမလို့ အရမ်းအံ့ဩသွားမိပါ၏
"ကျတော် ဘာလုပ်လို့ မေမေ က လာဆူနေရတာလဲ"
ထိုအချိန် မေမေ ရဲ့ မျက်နှာက ဒေါသထွက်လွန်းလို့နီရဲနေတာကို ကျတော် မြင်ဖြစ်အောင်မြင်လိုက်ပါသေးသည်
"မင်း ဘေးကို ကြည့်လိုက်လေ!!"
မေမေ့ စကားအတိုင်း ကျတော် ဘေးဘီတစ်ဝိုက်
ကိုကြည့်မိတော့-"ဟင်...."
အပေါ်ပိုင်း အင်္ကျီမပါပဲ စောင်တစ်ထည်တည်း
ဖြင့်သာ ခြုံပေးထားရင်းဖြင့် အိပ်ပျော်နေသော
ဟိုဆော့
YOU ARE READING
𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )
Fanficအချစ်ဆုံးသူငယ်ချင်း ဆိုတဲ့ ဘောင်တစ်ခုအလွန်ကိုရောက်ပြီးမှ နောက်ဆုံးတော့ ငါတို့နှစ်ယောက်ဟာ အရင်းနှီးဆုံးသူစိမ်း တွေအဖြစ် ~ အချစ်ဆုံးသူငယ်ချင်း ဆိုတဲ့ ဘောင်တစ်ခုအလွန်ကိုရောက်ပြီးမှ နောက်ဆုံးတော့ ငါတို့နှစ်ယောက်ဟာ အရင်းနှီးဆုံးသူစိမ်း တွေအဖြစ် ~ Startin...