အရင်တုန်းကဆိုရင် မှန်ရှေ့မှာ 5 မိနစ်တောင်ရပ်ပြီး မကြည့်ဘူးတဲ့ ကျတော် က ဒီနေ့ကျမှ
ဟိုဆော့ ဆီ က ယူထားတဲ့ ဘောင်းဘီနဲ့ အပေါ်ကုတ်ဆွယ်တာတို့ကို ၀တ်ထားရင်း မှန်ကြည့်လိုက် ပြင်၀င်လိုက်လုပ်နေသည်မှာ နာရီ၀က်လောက်တောင်ရှိတော့မည်အကြောင်းအရင်း မရှိပဲ ထိုအ၀တ်အစားများကို၀တ်ထားရင်း မှန်ကြည့်နေရ တာကိုပင်အလိုလို နေရင်း သဘောကျလာ၏
ဒါမှမဟုတ် ကျောင်းရောက်ရင် လုပ်မယ့် အစီစဉ်
အတွက် ကျေနပ်ပြီး ပျော်နေတာများလား....ထိုအကြောင်းကို တွေးလိုက်တော့ အပြုံးတစ်ပွင့်
က ကျတော့် မျက်နှာပေါ်မှာအဆင့်သင့်နေရာယူပြီးသား......ဒါပေါ့ ဒီကစားပွဲမှာ ကျတော် အနိုင်ရမယ်ဆိုတာ သိနေတယ်လေဒီလောက်ထိ လိုလို့လားလို့ မေးချင်မေးကြလိမ့်မယ်
ဒါပေမယ့်......ဂျောင်ဟိုဆော့ တခြားလူ လက်ထဲ
မရောက်ဖို့ဆိုရင်တော့ လိုအပ်သည်ဖြစ်စေ
မလိုအပ်သည်ဖြစ်စေ ကျတော် က ၀င်ပါနေရမှာ
မလို့ကျတော် သတိမထားမိလိုက်ခင်မှာပဲ ဒုတိယအကြိမ်ထပ်ပြုံးမိလိုက်ပြန်တာကို မှန်ထဲကတစ်ဆင့် မြင်လိုက်ရ၏
ဟိုဆော့ကို ကျတော် မချစ်ဘူး......ဒါပေမယ့်
သူ က ကျတော် တစ်ယောက်တည်း အတွက်ပဲ
ရှိနေရမယ်-------
ဒီနေ့ ထယ်ယောင်း က အနည်းငယ်တော့ ထူးဆန်းနေသလို ရှိသောကြောင့် ကျတော်ပင် လန့်ချင်သလိုဖြစ်လာသည်
အကြောင်းမှာ တစ်ခါမှ သူများအတန်းကို သွား
မလည်ဘူးသော ထယ်ယောင်းသည် ယနေ့ အတန်းနားချိန်၌ ဂျောင်ကုတို့ မေဂျာဘက်သွားမည်ဟုဆို၍ ကျတော့်ကို ဇွတ်လိုက်ခိုင်းနေခြင်းကြောင့်သာ"အံမယ် မိုးတွေရွာရုံတင်မကဘူး မိုးကြိုးတွေလည်းပစ်ချနေအုံးမယ်
တစ်ခါမှ ငါတို့ မေဂျာရဲ့ အရိပ်တောင် မနင်းဖူးတဲ့
ကောင်တွေ က ဒီနေ့မှ ဘာစိတ်ကူးပေါက်ပြီး
လာလည်နေရတာလဲလို့လေ အထူးသဖြင့်
ကင်ထယ်ယောင်း ပေါ့""ဟက်!! ငါ က အလကားနေရင်းလာပါ့မလား
ကိစ္စရှိလို့လာတာ""ငါ ကတော့ သူ ခေါ်လို့လိုက်လာတာ"
YOU ARE READING
𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )
Fanfictionအချစ်ဆုံးသူငယ်ချင်း ဆိုတဲ့ ဘောင်တစ်ခုအလွန်ကိုရောက်ပြီးမှ နောက်ဆုံးတော့ ငါတို့နှစ်ယောက်ဟာ အရင်းနှီးဆုံးသူစိမ်း တွေအဖြစ် ~ အချစ်ဆုံးသူငယ်ချင်း ဆိုတဲ့ ဘောင်တစ်ခုအလွန်ကိုရောက်ပြီးမှ နောက်ဆုံးတော့ ငါတို့နှစ်ယောက်ဟာ အရင်းနှီးဆုံးသူစိမ်း တွေအဖြစ် ~ Startin...