Episode 3

2K 158 2
                                    

Zawgyi ***

အချိန်အားဖြင့် နှစ်ပတ်ကျော်ကြာသွားခဲ့ပြီဖြစ်သည်။ ဤနှစ်ပတ်ကျော်ကာလအတွင်း အယ်လ်ဖီလည်း စံအိမ်တွင်ရေလိုက်ငါးလိုက်နေပြီး အဒေါ်ဖြစ်သူ ပွဲထုတ်သမျှကို သည်းခံနေခြင်းဖြင့် အချိန်ကုန်လေသည်။

"အစ်မက မင်းမှတ်ပုံတင် တောင်းနေတယ်..သူသိမ်းပေးထားမယ်တဲ့..ငါ့ကိုထုတ်ပေးဦး"

အယ်လ်ဖီ၏ သောက်လက်စ နွားနို့ခွက်လေးမှာ လေထဲတွင် တန့်သွားလေသည်။ ယခု အဒေါ်ဖြစ်သူမှာ မိမိအား သူမ၏ပုံစံခွက်ထဲထည့်ပြီး ဘယ်မှသွား၍မရတော့အောင် ကြိုးစားနေပြီဖြစ်လေပြီ။ အယ်လ်ဖီအေးစက်စွာပြုံးလိုက်ကာ ဖခင်အားမေးလိုက်၏။

"မေမေ သေသွားတာကို အဖေနည်းနည်းလေးမှ ဝမ်းမနည်းဘူးလား"

မထင်မှတ်ထားသော အမေးစကားကြောင့် ဖခင်ဖြစ်သူမှာ အနည်းငယ်ကြောင်သွားကာ မျက်မှောင်ကုတ်လျက်ကြည့်၏။

"ဘာကြောင့်ဝမ်းနည်းရမှာလဲ..မင်းအမေက သူ့ဘာသူရောဂါဖြစ်ပြီး သေသွားတာလေ..ဝဍ်တောင်ကျွတ်သွားသေးတယ်"

"ဩော်"

အယ်လ်ဖီ ဖခင်ဖြစ်သူအား စိတ်မကောင်းဖြစ်သည့် မျက်လုံးများဖြင့်တစ်ချက် ငေးကြည့်လိုက်သည်။

"မေမေ့ကို ချစ်ရော ချစ်ခဲ့လား"

"မင်းဘာတွေလာမေးနေတာလဲ..
မင်းဒေါ်လေးက မင်းရဲ့ မှတ်ပုံတင်တောင်းနေတယ်..ငါ့ကိုပေးစမ်း"

အယ်လ်ဖီ တည်တည်ငြိမ်ငြိမ်လေးပင် ပြုံးကာ သူ၏အကျင့်အတိုင်း မျက်မှန်ကိုင်းကို လက်ချောင်းလေးဖြင့် ပင့်တင်လိုက်ပြန်သည်။ ထို့နောက် တွေးဆဆ ပြော၏။

"အင်းပေါ့..တကယ်ချစ်ခဲ့ရင် မေမေဘာဖြစ်ဖြစ် အဖေကပစ်ထားမှာ မဟုတ်သလို နံဘေးလူရဲ့
သွေးထိုးစကားတွေကြောင့် နားယောင်ခဲ့မှာလည်းမဟုတ်ဘူး..ဒါပေမယ့် ကျွန်တော်နားမလည်နိုင်ဘူး သိလား..

အဖေက မေမေ့ထက် အဖေ့အစ်မကို ပိုပြီးယုံကြည်နေရင် အစကတည်းက မေမေ့ကိုမယူဘဲ အဖေ့အစ်မကိုပဲ ယူလိုက်ပါတော့လား"

စကားဆုံးသည်နှင့် မျက်နှာပြင် ပါးတစ်ဖက်ပေါ်သို့
ကျရောက်လာသော ဖခင်ဖြစ်သူ၏ လက်သီးချက်ကြောင့် မျက်မှန်ကိုင်းလေးမှာ ဧည့်ခန်းထောင့်စွန်းသို့ လွင့်ခနဲ။

Be my Life Partner  [[ Completed ]]Where stories live. Discover now