Episode 10

1.6K 132 1
                                    

Zawgyi ***

"ဒီဘက်ခြမ်းမှာ သူဌေးကြိုက်တဲ့ ပုံစံအတိုင်းရိုးရိုးလေးပဲဆင်ထားပါတယ်..
အပေါ်ထပ်ကိုတစ်ချက်တက်ကြည့်ဦးမလား"

"ရပြီ..Cafe ကိုသွားမယ်..
စာဖိုးမှူးတွေရောက်ပြီမလား..
နောက်နှစ်ရက်နေရင် Diamond Sky Resturant စဖွင့်လို့ရပြီ"

အသစ်ဖွင့်မည့် စားသောက်ဆိုင်အား အယ်လ်ဖီ လာရောက်စစ်ဆေးခြင်းပင်။ ထို့နောက် ခြေလှမ်းအနည်းငယ်မျှ လျှောက်လှမ်းပြီး စားပွဲတိုင်းအလယ်၌ အလှဆင်ထားသော သစ်ခွတို့အား တွေ့သော် အယ်လ်ဖီခြေလှမ်းတို့ ရပ်တန့်လိုက်ပြီးနောက် သူ၏အတွင်းရေးမှူးဖြစ်သူ ဂျက်ဖရီအား လှမ်းပြောသည်။

"စားပွဲမှာ သစ်ခွပန်းအစား (Lily)လီလီပန်းကို သုံးပါ"

"ဒါပေမယ့် လီလီပန်းက ဝတ်မှုံတွေအရမ်းလွင့်လို့ သူဌေး"

"ငါ ပန်းအစစ်သုံးလို့ ပြောမိလို့လား"

ထို့နောက် အယ်လ်ဖီ နောက်ထပ်တစ်ပတ်သေချာအောင် ဆိုင်အတွင်းလှည့်လှည်ကြည့်ရှုပြီးနောက် Cafe ဆိုင်သို့ အတွင်းရေးမှူးနှင့်အတူ ထွက်ခွာသွားတော့သည်။

လမ်းသွယ်လေးမရောက်ခင် လမ်းမကြီး၏ဘေးမှာပင် တည်ရှိနေသော Diamond Sky Cafe ဖြစ်လာမည့် အတော်အသင့် ကျယ်သည့် ဆိုင်ခန်းငယ်တစ်ခု။

"Cafe ဆိုတော့ လူငယ်တွေအကြိုက် Romance ဆန်ဆန် decorate ထားတယ်..အရောင်ကိုလည်း ရိုမန့်ဖြစ်အောင် ပန်းရောင် setting ဘက် ဆင်လိုက်ရင် so good ပဲ..အိုရ်..တွေးကြည့်တာနဲ့ကို ကြည်နူးစရာပဲ"

နံဘေးမှ တတွတ်တွတ်ပြောနေသည့် မိတ်ကပ်အထူအပြည့်ဖြင့် မိန်းမပျိုအား အယ်လ်ဖီ စိတ်ထဲမထားသော်လည်း ဆိုင်အတွင်းအပြင်အဆင်ကို ကြည့်ကာ စိတ်ရှုပ်လာ၏။ အရိပ်အကဲသိသော ဂျက်ဖရီက ထိုမိန်းမပျိုအား ဆက်မပြောတော့ရန် မျက်ရိပ်မျက်ကဲပြနေသော်လည်း သူမ မှာမူ အယ်လ်ဖီကိုသာ မျိုချမတတ်အကြည့် စူးရှနေသောကြောင့် သတိမထားမိ။

"မောင်လေးရိုလီရော ဘယ်လိုမြင်လဲ..
တို့တော့ အဆင်ပြေတယ်"

"ကျွန်တော်တော့ လုံးဝ စိတ်တိုင်းမကျဘူး"

Be my Life Partner  [[ Completed ]]Where stories live. Discover now