Episode 5

1.7K 158 0
                                    

Zawgyi ***

"မင်းသေချာပြီလား အယ်လ်ဖီ"

လက်မခံချင်သလိုနှင့် စိုးရိမ်စွာ စိတ်ပူပန်နေသေးသော ရွှိုင်ဂျင်အား အယ်လ်ဖီ ခေါင်းငြိမ့်ပြလိုက်သည်။ အယ်လ်ဖီ ညတွင်းချင်းစိတ်ပိုင်းဖြတ်ပြီး အလုပ်ပင်မသွားတော့ပဲ မနက်စောစောကတည်းက ရွှိုင်ဂျင်၏ နေအိမ်သို့ ရောက်ရှိနေခြင်းပင်။

"ဟောဒီညီငယ်လေးက ကျောင်းစာလည်းတော်တယ်..ဘာသာစကားမှာလည်း မတူညီတဲ့ဘာသာစကား သုံးမျိုးတိတိပြောတတ်တယ်..ကမ္ဘာအနှံ့တောင်ပတ်လို့ရနေတာကို အေးဆေးပါ..ကိုကြီးရ..ပြီးတော့ ကျွန်တော်တစ်ယောက်တည်းမှမဟုတ်တာ"

ဒေါ်လေးလွတ်ထားသောလူထဲမှ တစ်ယောက်က သူ့ကိုရှာတွေ့သွားပြီဖြစ်သောကြောင့် အယ်လ်ဖီ မြို့ထဲတွင်ဆက်နေ၍ မဖြစ်တော့ပေ။ သို့နှင့် ပို၍ဝေးကွာသော ဒေသသို့ သွားရန်စီစဉ်နေခြင်းပင်။

အယ်လ်ဖီ ဝါသနာပါသော အစားအသောက်နှင့်ပတ်သက်သည့် လုပ်ငန်းပိုင်းကို ပညာသင်ယူပြီး တဖက်တစ်လမ်းမှလည်း စကားပြန်၊ ဘာသာပြန် အလုပ်ကြောင့် ငွေရှာနိုင်ခြင်း။ အိမ်ပေါ်မှဆင်းလာကတည်းက ယူလာသော ကဒ်အားထုတ်သုံးနိုင်သော်လည်း ရေရှည်နောင်ရေးရှိသေးသည် မဟုတ်ပါလား။ ထို့ကြောင့် နောင်တစ်ချိန် ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်ရန်အတွက် ငယ်ရွယ်စဉ် တခဏသာအပင်ပန်းခံရမည်မို့ တန်ပါသည်လေ။

ရွှိုင်ဂျင်မှာ မိမိ၏ ညီတစ်ဝမ်းကွဲလေးအားကြည့်ပြီး သက်ပြင်းသာချနိုင်လေသည်။ အယ်လ်ဖီမှာ သူနှင့်အသက်ရွယ်တူဖြစ်သည့် တခြားကလေးတို့နှင့် ယှဉ်လိုက်ရင် ကံဆိုးနေသည်ပင်။ သို့သော်လည်း အယ်လ်ဖီ၏ သန်မာလွန်းသည့် စိတ်ဓာတ်ကြောင့် အားတက်ရပေသည်။

အတွေးထဲနစ်မြောနေပုံရသည့် ရွှိုင်ဂျင်ကြောင့် အယ်လ်ဖီရယ်လိုက်သည်။

"ကျွန်တော်က ဘာမှမဖြစ်ရဘူး..ကိုကြီးကဘာတွေ အတွေးတွေလွန်နေတာလဲလို့"

"ဟိုရောက်လည်း ငါ့ကိုအဆက်သွယ်မပြတ်စေနဲ့"

"အလွန်ဆုံးကြာမှ ၁၀ နှစ်လောက်ပေါ့..စိတ်ချပါ..
ကျွန်တော်ရောက်အောင်ပြန်လာပြီး ကျွန်တော့်မေမေအတွက် သူတို့ကို ကလဲ့စားလာပြန်ချေဦးမှာ"

Be my Life Partner  [[ Completed ]]Where stories live. Discover now