Zawgyi ***
"သူတို့မင်းကိုတွေ့သွားလား..
အခုဘယ်ရောက်နေလဲ..အဆင်ပြေရဲ့လား..
ငါအခုချက်ချင်းလာခဲ့မယ်..နေရာပြော...^^"....."
"ဘာ!!..Winter Crown? ဟုတ်လား! အဲ့ကုမ္ပဏီအကြောင်း မင်းက ဘယ်လောက်သိလို့လဲ...^^
"....."
"ငါထွက်လာနေပြီ..နာရီဝက်အတွင်းရောက်မယ်...^^
အယ်လ်ဖီ့ထံမှ ဖုန်းလက်ခံရရှိပြီးနောက် ရွှိုင်ဂျင်အလျှင်အမြန်ပင် ထိုကုမ္ပဏီသို့ခြေသုတ်သင်တော့သည်။
ကြားကြားချင်း အလွန်ပင်ထိတ်လန့်သွားပြီး အယ်လ်ဖီ့ကိုပါ စိတ်ပူသွားသည်။နောက်ပိုင်း သူ အလုပ်ကိစ္စတို့ဖြင့် မအားသောကြောင့် အယ်လ်ဖီနှင့် မတွေ့ဖြစ်ပေ။ ထိုအချိန်တွင်း အယ်လ်ဖီမှာ မည်သို့သောလူနှင့်မှ တွေ့ဆုံရလေသနည်း။
Winter Crown.
အတွင်းသတင်းတွေအရ ငွေဖြူလုပ်ငန်းသပ်သပ်သာဖြစ်ပြီး ထိုကုမ္ပဏီ၏နောက်ကွယ်တွင် Z.Flow ဆိုသည့် အင်အားကြီးဂိုဏ်းရှိနေသည်ကိုလည်း ရွှိုင်ဂျင်သိသည်။
ထိုဂိုဏ်းနှင့်အတတ်နိုင်ဆုံး မပတ်သက်လျှင်အကောင်းဆုံးဖြစ်သော်ငြား ကံတရားက မည်သို့မျက်စိလည်လမ်းမှားပြီး အယ်လ်ဖီကိုမှ ပေးတွေ့စေသနည်း။
အယ်လ်ဖီမှာ သူ၏မိသားစုကို နာကျည်းမုန်းတီးနေသောစိတ်မှလွဲ၍ ကျန်သည့် ကိစ္စများတွင် အဖြူထည်ပိတ်စလေးအတိုင်းပင်။
မိမိ၏ တစ်ဦးတည်းသော ညီဝမ်းကွဲဖြစ်သောကြောင့် ရွှိုင်ဂျင်၏ စိုးရိမ်ရေမှတ်တို့မှာ တဟုန်ထိုးမြင့်တက်နေလျက်။လျို့ဝှက်ခန်းအတွင်း၌ အယ်လ်ဖန်မှာ ပုံမှန်ထက်ပို၍ မျက်နှာထားတည်တင်းနေသောကြောင့် အခြေအနေရိပ်မိသော မြို့ထဲမှ Z.Flow အဖွဲ့ဝင်တို့မှာ သူတို့၏ဂိုဏ်းချုပ် ခိုင်းစေမည့်အမိန့်ကို သေချာအာရုံစူးစိုက်နေကြသည်။
"အဖွဲ့ C..အခုအချိန်ကစပြီး မြို့တော်ဝန်ကြီးချုပ်ကို သေချာစောင့်ကြည့်ထား..
ဝန်ကြီးချုပ်ကတော့ သူ့ရဲ့ရောဂါအခြေအနေကြောင့် လူလုံးထွက်ပြမှာ မဟုတ်လောက်ဘူး..ဒါပေမယ့် သူ့လူတွေက တစ်ခုခုမူမမှန်တော့တာနဲ့ ရှင်းပစ်လိုက်"
YOU ARE READING
Be my Life Partner [[ Completed ]]
Romance🖤 You don't trust in love? Nevermind. Just believe me. 🖤Z+U 🖤 Completed