Episode 19

1.3K 133 4
                                    

Zawgyi ***

ကွန်ဒိုအနီးမှ shopping center ထဲတွင်ဖြစ်သည်။ အယ်လ်ဖန်မှာ တွန်းလှည်းလေးတွန်းရင်းဖြင့် တစ်ခုပြီးတစ်ခုယူကာ လှည်းထဲသို့ထည့်နေ၏။

"ညနေ ရောက်ရင် steak နဲ့ bbq လုပ်စားရအောင်..hot pot လည်း လုပ်မှပဲ..အရည်လေးလည်းပါအောင်"

နံဘေးမှ ကပ်လျှောက်နေသည့် အယ်လ်ဖီကတော့ သူ့အား နားမလည်နိုင်စွာကြည့်နေလေ၏။

"steak မစားချင်သေးဘူး..
ဒါနဲ့ ကျွန်တော့်အကြိုက်တွေကိုလည်း ခင်ဗျားသိနေတာပဲလား"

အယ်လ်ဖန်မှာ သဘောတကျပြုံးရင်း အယ်လ်ဖီ၏ နှာခေါင်းထိပ်နားရောက်နေပြီး လျောကျလုနီးနီး မျက်မှန်ကိုင်းကြီးအား ပင့်တင်ပေးလိုက်သည်။ ပြီးနောက် oreo ရေခဲမုန့်ဘူးကြီးတစ်ဘူး ထပ်ထည့်လိုက်ပြီး ချောကလက်တန်းမှ kitkat တို့အား အစုပ်လိုက်ကောက်ယူထည့်လိုက်ပြန်သည်။

ထိုလူကြီးကို ကြည့်ရင်း အယ်လ်ဖီသည် ကိုယ့်နဖူးကိုယ်ပင် ရိုက်ချင်သွား၏။

အနေအထားမှာ အယ်လ်ဖန်က တွန်းလှည်းတစ်ခုဖြင့် စင်တာမှ အယ်လ်ဖီကြိုက်သော စားစရာ တစ်ခုပြီးတစ်ခု ကောက်ထည့်၏။ အယ်လ်ဖန်၏ နံဘေးတွင် အယ်လ်ဖီမှာ အေးအေးလူလူ လိုက်ပါလျက်ရှိသည်။
သူတို့နှစ်ယောက်၏ အနောက်ခပ်လှမ်းလှမ်းတွင်တော့ ကိုယ်ရံတော်လေးယောက်ထဲမှ နှစ်ယောက်မှာ တစ်ယောက်ကို တွန်းလှည်းတစ်ခုစီဖြင့် ငိုမဲ့မဲ့မျက်နှာထားလေးဖြင့် လိုက်ပါလျက်ရှိသည်။ ထိုတွန်းလှည်းနှစ်ခုမှာလည်း အယ်လ်ဖန်ကြောင့် ပြည့်လျံနေလေပြီ။

ကျန်ကိုယ်ရံတော် နှစ်ယောက်မှာ မသိမသာအကွာအဝေးတွင် စင်တာအတွင်း ပတ်ဝန်းကျင်အခြေအနေကို လုံခြုံရေး စောင့်ကြပ်နေ၏။

အယ်လ်ဖီ ဟူးခနဲ လေပူမှုတ်ထုတ်လိုက်တော့သည်။

"ကျွန်တော်တို့ တော်သင့်ပြီထင်တယ်..
ခင်ဗျားရဲ့လူတွေကိုလည်း အားနာလှပြီ"

နောက်မှ လိုက်ပါလာသော ကိုယ်ရံတော်နှစ်ယောက်မှာ ပြည့်ကျပ်နေသောလှည်းကိုယ်စီဖြင့် ငိုမဲ့မဲ့မျက်နှာထားလေးနှင့်အတူ အယ်လ်ဖီအား လှမ်းကြည့်နေကာ ထောက်ခံသလို အဆက်မပြတ် ခေါင်းငြိမ့်ပြ၏။

Be my Life Partner  [[ Completed ]]Where stories live. Discover now