Zawgyi ***
"သင်တန်းသွားမယ်လို့ပြောသွားတာ သေချာလား"
ဝန်ကြီးချုပ်စံအိမ်ထဲ ခြောက်ခြားဖွယ် တိတ်ဆိတ်နေ၏။
"ဟုတ်..ဟုတ်ပါတယ်..ကျွန်မကို သခင်လေးက အဲ့လိုပြောပြီးထွက်သွားတာပါ"
အာဏာသံအပြည့်ဖြင့်ဝန်ကြီးချုပ်ကြောင့် အိမ်အကူအဒေါ်ကြီးမှာ ထိတ်လန့်တကြားပြန်ဖြေပြီးနောက် အယ်လ်ဖီ၏ ဖခင်မှာဝင်ပြောသည်။
"အစ်မ လမ်းမှာတစ်ခုခုဖြစ်နေမလား..
ကျွန်တော်တို့ကို ခြိမ်းခြောက်ချင်လို့ ဓားစာခံလုပ်တာဖြစ်မလား"ထို့နောက် ဝန်ကြီးချုပ်မှာ သူမအိမ်မှ အစောင့်အားလုံးကိုခေါ်ပြောလိုက်သည်။
"အားလုံးသေချာနားထောင်..ဒီကိစ္စကို အပြင်ကို မပေါက်ကြားစေနဲ့..
ရဲကိုအကြောင်းကြားစရာမလိုဘူး..
မင်းတို့ကိုယ်တိုင်ပဲ အတတ်နိုင်ဆုံးရှာရမယ်..ကြားလား"=====
Z.Flow တွင် အရေးကြီးသည့် ကိစ္စပေါ်လာသောကြောင့် အယ်လ်ဖန် ညတွင်းချင်းပင် မြို့ထဲမှတဆင့် ကျွန်းပေါ်သို့ တစ်ခေါက်ပြန်သွားရလေသည်။
ကိစ္စဝိစ္စတို့ပြီးသည်နှင့် ချက်ချင်းပင် ပြန်တော့ရန် ပြင်နေသဖြင့် ဖီးလစ်မှာ အံ့ဩတကြီးဖြစ်နေ၏။
"ဂိုဏ်းချုပ်..ဒီတစ်ခေါက် Z.Flow ကိုပြန်လာတဲ့အချိန်က တအားနည်းတယ်ရော်..
မြို့ပေါ်က ကုမ္ပဏီအခြေအနေကို ကိုယ်တိုင်ထိန်းရမယ့်ကိန်းဖြစ်နေတာလားဗျှ"ပစ္စည်းပစ္စရာတို့အား သေချာသိမ်းဆည်းနေရင်းဖြင့် ဖီးလစ်အမေးအား အယ်လ်ဖန်ရယ်လိုက်သည်။
"မင်းထင်သလိုတစ်ခုမှမဟုတ်ဘူး..အခုကိစ္စက Z.Flow ထက် Winter Crown ထက်ကို ပိုပြီးအရေးကြီးတဲ့ကိစ္စမလို့ပဲ"
ဂိုဏ်းချုပ်အားသိလာသည့် တစ်လျှောက်လုံး ပထမဆုံး ထိုသို့ရယ်နေသော ပုံစံအားမြင်ဖူးသည့်အပြင် သူ့မေးခွန်းအားသေသေချာချာပင်
ပြန်ဖြေပေးနေသောကြောင့် ဖီးလစ် မျက်လုံးပြူးသွားသည်။ဒါဟာ ငါသိထားတဲ့ ဂိုဏ်းချုပ်ပုံစံမဟုတ်ဘူး...။
"ထားပါ..မင်းလို ခံစားချက်မရှိတဲ့ကျောက်တုံးကြီးကို ပြောပြနေလို့လည်း ဘာမှမထူးဘူး"
YOU ARE READING
Be my Life Partner [[ Completed ]]
Romance🖤 You don't trust in love? Nevermind. Just believe me. 🖤Z+U 🖤 Completed