Zawgyi ***
"တောင်းပန်ပါတယ်..တောင်းပန်ပါတယ်..တောင်းပန်ပါတယ်..မသတ်..မသတ်ပါနဲ့"
မြေအောက်ခန်းမှ အလုံပိတ်တစ်နေရာ။ နေရောင်ခြည် တစိုးတစိမျှမရှိပဲ ဝါကျင်ကျင်မီးလုံးလေးမှာ ဘယ်မှညာသို့၊ ညာမှဘယ်သို့ တရွေ့ရွေ့ယိမ်းနွဲ့နေသည်။
အခန်းတစ်ခုလုံး ထိုမီးရောင်သာ ရှိ၏။Alfen(အယ်လ်ဖန်) သူ၏ရှေ့မှ သွေးအလိမ်းလိမ်းဖြင့် ဂယောင်ခြောက်ခြားတောင်းပန်နေသော လူအား ခံစားချက်မဲ့နေသော အကြည့်ဖြင့် စိတ်မဝင်စားစွာ ကြည့်နေသည်။
"သစ္စာဖောက်ရင် ဘယ်လမ်းသွားရမလဲဆိုတာ မင်းသိရက်နဲ့"
မျက်ခုံးတန်းတန်းအောက်မှ လေးကိုင်းသဏ္ဍာန်မျက်လုံးပြာအစုံတို့မှာ အဆုံးမရှိသောပင်လယ်ပြင်ကဲ့သို့ နက်ရှိုင်းလွန်းသည်။ မဲ့ပြုံးတစ်ခု ချိတ်ဆွဲထားသော မထူမပါး နှုတ်ခမ်းတို့မှ ထွက်လာသောစကားသံသည် အယ်လ်ဖန်၏ ခန့်ညားလှသော ရုပ်ရည်နှင့် ဆန့်ကျင်စွာ တုန်လှုပ်ခြောက်ခြားဖွယ်။
"သတ်လိုက်တော့"
အမိန့်သံအဆုံး မြေအောက်ခန်း၏နံရံနှင့်ကြမ်းပြင်အနှံ့ နေရာယူသွားသော နီရဲရဲသွေးညီနံ့များ။ ထို့နောက် ပင်လယ်ထဲမျောပါသွားသော အလောင်းတစ်လောင်း။
လူသူသိပ်မသိသော ကျွန်းတစ်ကျွန်းပေါ်တွင် Z.Flow ဂိုဏ်း၏ဌာနချုပ်မှာ သိုသိုသိပ်သိပ် ရှိ၏။ တရားမဝင်ဒုစရိုက်အလုပ်တို့၏ ဌာနချုပ်ပင်။ ကျွန်းပေါ်တွင်သာမက မြို့လယ်ခေါင် နေရာအနှံ့ဖြန့်ကျက်ထားသော Z.Flow ၏ ဂိုဏ်းအဖွဲ့ဝင်များလည်းရှိပေသည်။
"ဒီလူတွေက သေချာစစ်ဆေးလေ့ကျင့်ပြီးတဲ့ အဖွဲ့ဝင်အသစ် ဆယ်ယောက်ပါ ဂိုဏ်းချုပ်"
ဂိုဏ်းချုပ်အယ်လ်ဖန်၏ နောက်လိုက်ခေါင်းဆောင် ဖီးလစ် က တင်ပြလိုက်သည်။
"အင်း"
အရသာခံသောက်နေသော ဝိုင်ခွက်အား ဆိုဖာရှေ့ စားပွဲထက်သို့ချလိုက်သည်။ ထိုင်နေရာမှ ထကာ ကတ္တီပါကော်ဇောထက် တလှမ်းလှမ်းလျှောက်လှမ်းပြီး ထိုအဖွဲ့ဝင်ဆယ်ယောက်အား တစ်ယောက်ချင်းစိုက်ကြည့်ကာ အကဲဖြတ်ရင်း ခက်ထန်နေသော နှုတ်ခမ်းမှ တစ်လုံးချင်းစကားဆို၏။
YOU ARE READING
Be my Life Partner [[ Completed ]]
Romance🖤 You don't trust in love? Nevermind. Just believe me. 🖤Z+U 🖤 Completed