Episode 12

1.3K 138 2
                                    

Zawgyi ***

ပုံမှန်အတိုင်း ပကတိတည်ငြိမ်နေသော မျက်နှာထားဖြင့် အယ်လ်ဖီက ဆိုင်အတွင်းဝင်ရောက်လာသည်။

ဒီရက်ပိုင်းမိုးအေးသောကြောင့် ဖြစ်မည်။ အယ်လ်ဖီမှာ နက်စွေးသော Long Coat ရှည်ထဲ တကိုယ်လုံးနစ်မြုပ်လုနီးနီးဖြစ်နေ၍ လက်ကောက်ဝတ်လေးသာ ထင်ပေါ်နေပြီး အေးစက်စက်မျက်နှာထားကြောင့် ပို၍ပင် အများအမြင်တွင် မာနကြီးသည့်ပုံစံပေါက်နေ၏။

လူကြီးပေါက်စလေး...။

အယ်လ်ဖန်မှာစိတ်ထဲမှ ပြောရင်း အယ်လ်ဖီအား ငေးကြည့်မြဲ။

အယ်လ်ဖီနှင့်တပါတည်း ဘရူနိုက
သူ့အားမှတ်မိနေပုံရကာ အယ်လ်ဖန်ထံသို့ အမြီးနှံ့ရင်း ပြေးလာသောကြောင့် အယ်လ်ဖီ လှမ်းကြည့်လိုက်ရာ အယ်လ်ဖန်နှင့် အကြည့်ချင်းဆုံ၏။

သို့နှင့် စက္ကန့်ပိုင်းခန့်ကြာပြီးနောက် အကြည့်လွဲကာ နံဘေးမှာ လာနှုတ်ဆက်သော ဝန်ထမ်းငယ်အား မေးခွန်းထုတ်သလို ကြည့်လိုက်သည်။

"ဟိုလေ..ဒီနေ့ ဆိုင်သန့်ရှင်းရေးလာလုပ်တဲ့ တစ်ယောက်က လူသစ်ဆိုတော့ သူဌေးရဲ့နေရာမှာ ကာထားတဲ့အကာကို ဖယ်မိလိုက်လို့ပါ"

အယ်လ်ဖီမျက်မှောင်ကုတ်သွားကာ သူ၏နေရာတွင် ထိုင်နေသော အယ်လ်ဖန်အား လေးထောင့်သဏ္ဍာန်မျက်မှန်ကိုင်း အောက်မှ မျက်ဝန်းညိုလေးတို့ဖြင့် တဖန်ပြန်စိုက်ကြည့်ပြန်သည်။

"ဘရူနို..ပြန်လာခဲ့"

အယ်လ်ဖန်မှာ ထိုအူပုတ်လေးကို ကြည့်ရင်း ရယ်ချင်စိတ်တို့ကို ထိန်းထားရသည်။ သို့သော်လည်း ဘရူနိုမှာ သူ၏အနားတွင်သာ အမြီးပြုတ်ထွက်မတတ်နှံ့ရင်း ဝဲလည်လည်။

ဆိုင်သို့လာသော ဧည့်သည်တိုင်းအား အမြီးနှံ့ကာ ကြိုဆိုနေကျဖြစ်သော ဘရူနိုအား အယ်လ်ဖီလည်း ထပ်မအော်ခေါ်ဖြစ်တော့ပေ။

Cafe အတွင်းမှ သီးသန့်ရုံးခန်းအတွင်းသို့ အယ်လ်ဖီမဝင်ခင်မှာ ဝန်ထမ်းလေးတစ်ယောက်က အနားကပ်ပြီး တီးတိုးကာ တစ်ခုခုပြောလိုက်သောကြောင့် အယ်လ်ဖီက အင်္ကျီလက်အား တံတောင်ဆစ်နားအထိ ခေါက်တင်လိုက်ပြီး ကော်ဖီဖျော်သည့်နေရာသို့ သွား၏။

Be my Life Partner  [[ Completed ]]Where stories live. Discover now