Zawgyi ***
"ခင်ဗျား ကျွန်တော့်အကြောင်း ဘယ်လောက်တောင် သိထားလဲ..ပြောပြဦး..ကျွန်တော် သိချင်တယ်"
အယ်လ်ဖီက ဘရူနိုကို အမွှေးဖြီးပေးနေရင်း ငါးကန်အုတ်ဘောင်ပေါ်တွင် ထိုင်နေသော အယ်လ်ဖန်အား လှမ်းမေးသည်။
"ကလေး ဘယ်ကနေစသိချင်လဲ"
အယ်လ်ဖီက မသိမသာလေး ပြုံးလိုက်သည်။ မထင်မရှား ပါးချိုင့်တစ်ဖက်လေးက ချိုင့်ဝင်သွား၏။ မျက်မှန်ကိုင်းလေးအား ပင့်တင်လိုက်သည်ကို အယ်လ်ဖန်တစိမ့်စိမ့်ကြည့်နေမိသည်။
"ကျွန်တော်ခင်ဗျားကို သတိထားမိတဲ့အချိန်က ကျွန်တော့် cafe မှာလေ..ခင်ဗျားက ကျွန်တော့်နေရာကို ဝင်ထိုင်နေတုန်းက စတာပဲ"
အယ်လ်ဖန်မှာ အသည်းယားစွာဖြင့် အယ်လ်ဖီ၏ ခေါင်းလုံးလုံးလေးအား ဖွသပ်ပေး၏။
"အင်း..ကိုယ်ပြောပြမယ်"
အယ်လ်ဖီက သူ့အားကြည့်ရင်း
စိတ်ဝင်တစားနားထောင်နေဟန်။"လွန်ခဲ့တဲ့ ဆယ်နှစ်က မှတ်မိလား..ကလေးမေမေဆုံးတဲ့နေ့ ထင်တယ်..ပလက်ဖောင်းပေါ်မှာ ကလေးက စိုးရိမ်တကြီး ပြေးနေတုန်းက..ကိုယ့်ရှေ့မှာ မျက်မှန်ပြုတ်ကျတာလေ"
အယ်လ်ဖီ၏ မျက်ဝန်းညိုလေးထဲ ဝမ်းနည်းခြင်းအရိပ်အယောင်တို့က ဖြတ်ပြေးသွား၏။ သို့သော်လည်း တစ်ခဏသာ။
"ကျွန်တော် မှတ်မိလာသလိုပဲ..အဲ့တုန်းက ကျွန်တော် အသက်တောင် မပြည့်သေးဘူး..ခင်ဗျားက!"
သူ့အား လက်ညိုးထိုးကာ မျက်မှောင်ကုတ်သွားပါသော အယ်လ်ဖီအား တမြတ်တနိုးကြည့်ရင်းရယ်လိုက်သည်။
"ဟိတ်! လျှောက်မတွေးနဲ့..အဲ့တုန်းက ကိုယ်က မင်းလေးကို စပြီး စိတ်ဝင်စားရုံလေးပဲ"
မယုံသလို မျက်လုံးလေးမှေးစင်းကာ စိုက်ကြည့်ပြန်သော ကလေးငယ်။ ဘယ်သူမှ မတွေ့အောင် ဖွက်ထားချင်မိ၏။
"ဆက်ပြောပြလေ"
"နောက်ကျတော့ ကလေးကို သမ္မတကြီးရဲ့ ညစာစားပွဲမှာ ထပ်တွေ့တယ်..ကလေးက suit အဖြူလေးနဲ့ သိပ်ကို ချစ်ဖို့ကောင်းနေခဲ့တာ"
YOU ARE READING
Be my Life Partner [[ Completed ]]
Romance🖤 You don't trust in love? Nevermind. Just believe me. 🖤Z+U 🖤 Completed